နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တွင် ရေစိမ့်ထွက်မှုဖြစ်ပေါ်
========================================
========================================
နေပြည်တော်၊ စက်တင်ဘာ ၁၁
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အထင်ကရစေတီ တစ်ဆူဖြစ်သည့် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးဘုရားရင်ပြင်၌ စက် တင်ဘာ ၉ရက် မွန်းလွဲပိုင်းမှစတင် ၍ ရေစိမ့်ထွက်မှုဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
ဘုရားရင်ပြင်ရေစိမ့်ထွက်ပေါ် မှုနှင့်ပတ်သက်၍ ဥပ္ပါတသန္တိစေတီ တော်အုပ်ချုပ်ရေးအဖွဲ့ထံ စက်တင် ဘာ ၁၁ ရက်က သွားရောက်မေး မြန်းရာ ''ယခု ရေစိမ့်ထွက်ပေါ်မှုဟာ ချွေးပြန်ရေထွက်ပေါ်ခြင်းဖြစ်ပါ တယ်။ ရင်ပြင်တော်ရှိစေတီတော်ရဲ့ လိုဏ်အပေါ်မှာ စလက်ပြားရှိတယ်။ စလက်ပြားရဲ့အပေါ်က အခေါင်း ကြီးဖြစ်ပါတယ်။ အဲဒီအခေါင်းကြီး က အလုံးကြီးဖြစ်ပါတယ်။ အလုံး ကြီးရဲ့ ဏမနျကမန ကြောင့်ချွေးပြန် ပြီး စလက်ပြားပေါ်ကျရောက်ပြီး ရေစိမ့်ထွက်ခြင်းဖြစ်ပါတယ်။ ကျွန် တော်တို့ရေစိမ့်ထွက်ပေါက်တွေကို စက်ယန္တရားတွေအသုံးပြုပြီး လူအင် အားနဲ့ ဘိလပ်မြေပိတ်ဆို့ဖာထေးမှု တွေပြုနေပါတယ်''ဟု ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့ဝင်ဦးတင် ထူးက ရှင်းပြသည်။
နေပြည်တော်တွင် တည်ထား ကိုးကွယ်လျက်ရှိသော ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသည် ရန်ကုန် မြို့တွင်ရှိသော ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ပုံစံတူစေတီတော်မြတ် ကြီးဖြစ်ပြီး ရွှေတိဂုံစေတီတော် မြတ်ကြီးထက် ဥပ္ပါတသန္တိစေတီ တော် မြတ်ကြီးသည် Óဏ်တော် အမြင့် နှစ်ပေနိမ့်ကြောင်း သိရှိရ သည်။
MML
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
==========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
No comments:
Post a Comment
Note: Only a member of this blog may post a comment.