သတင်းနှင့်နည်းပညာများ

9/13/14

MPT က ဖုန်းဘီလ် အပိုလက်ဆောင်ပေးသည့်ရာခိုင်နှုန်းကို ထပ်မံတိုးမြှင့်


MPT က ဖုန်းဘီလ် အပိုလက်ဆောင်ပေးသည့်ရာခိုင်နှုန်းကို ထပ်မံတိုးမြှင့်

MPT က ၎င်းတို့၏ အမှတ်တံဆိပ်အသစ်ကို စတင်မိတ်ဆက်သည့် အနေဖြင့် GSM နှင့် WCDMA ဆင်းမ်ကတ်များအသုံးပြု သူများအတွက် ဖုန်းဘီလ် အပိုထပ်ဆောင်းပေးသည့်အစီအစဉ်ကို ထပ်မံတိုးမြှင့်လိုက်ပြီဖြစ် သည်။
MPT ၏ GSM နှင့် WCDMA ဆင်းမ်ကတ်များတွင် ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ်ကို ဖြည့်သွင်းပါက အပိုဖုန်းဘီလ် ၄၀ ရာခိုင် နှုန်း ရရှိမည်ဖြစ်ပြီး ကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ်ကို ဖြည့်သွင်းလျင် အပိုဖုန်းဘီလ် ၆၀ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။ သို့သော် အဆိုပါ အရောင်းမြှင့်တင်ရေး အစီအစဉ်သည် ၂၀၁၄၊ စက်တင်ဘာ ၁၃ နှင့် ၁၄ ရက်များတွင်သာ အကျုံးဝင်မည်ဖြစ် ပြီး အပိုရရှိသည့် ဖုန်းဘီလ်များသည် အောက်တိုဘာ ၁ ရက် အထိသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း MPT ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ www.mpt.com.mm/my တွင် ဖော်ပြထားသည်။
ထို့အပြင် MECtel ဆင်းကတ်များ ပရိုမိုးရှင်းကာလကိုလည်း ယခုလ ၁၈ ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားသည်။ အဆိုပါ ဆင်းမ်ကတ်များအတွက် အပိုရရှိမည့် ပမာဏမှာ ၅၀၀၀ တန်ကတ်များအတွက် ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းဖြစ်သည်။

http://internetjournal.com.mm/content/14354

No comments:

Post a Comment

Note: Only a member of this blog may post a comment.