သတင်းနှင့်နည်းပညာများ

9/5/14

မေမြတ်နိုးအား သရဖူပြန်သိမ်းခဲ့သည့် Organization ၏ လုပ်ရပ်သည် တရားမျှတမှု မရှိသဖြင့် ဒေါသထွက်ခဲ့ရဟု ကိုရီးယားအမေရိကန် မင်းသမီး အာဒမ်ချို ပြောကြား


မေမြတ်နိုးအား သရဖူပြန်သိမ်းခဲ့သည့် Organization ၏ လုပ်ရပ်သည်
တရားမျှတမှု မရှိသဖြင့် ဒေါသထွက်ခဲ့ရဟု ကိုရီးယားအမေရိကန် မင်းသမီး
အာဒမ်ချို ပြောကြား
===================================================
ရန်ကုန်၊
အလှမယ် မေမြတ်နိုးအား သရဖူပြန်သိမ်းခဲ့ ခြင်းနှင့် ပတ်သက်၍ Miss Asia Pacific World အဖွဲ့၏ လုပ်ရပ်သည် တရားမျှတမှုမရှိကြောင်း ကိုရီးယား အမေရိကန်မင်းသမီး အာဒမ်ချိုက သူမ၏ လူမှုစာမျက်နှာ တွင် ရေးသား ဖော်ပြခဲ့သည်။
''ဒီကိစ္စကို ကျွန်မ မကျေနပ်ပါ ဘူး။ ပလတ်စတစ်ဆာဂျရီလုပ်ဖို့နဲ့ စီးပွားရေးသမားတွေရဲ့ စောင့်ရှောက် ခြင်းကို ငြင်းဆန်တဲ့အတွက် သူတို့ က မေမြတ်နိုးဆီက သရဖူကို ပြန် သိမ်းခဲ့ပါတယ်။ ကျွန်မမေမြတ်နိုးရဲ့ လုပ်ရပ်တွေအတွက် သူမကို လေး စားပါတယ်။ မေမြတ်နိုးထံက သရဖူ အသိမ်းမခံရသင့်ပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသိမ်းခံရမယ့် အနေအထားမှာဖြစ်နေပါတယ်။ ဒီ အဖွဲ့အစည်းဟာယုတ်မာပြီး တရား မျှတမှုမရှိတဲ့ အဖွဲ့ပါပဲ။ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျော နိုင်ခဲ့တဲ့ ကျွန်မလဲ အလုပ်ပြုတ်ခဲ့ရ ပါတယ်'' ဟု 2004 Miss Korea (Chicago) က ရေးသားထားသည်။
Miss Asia Pacific 2014 သ ရဖူရရှိခဲ့သည့် အလှမယ်မေမြတ်နိုး သည် အမေရိကန်ဒေါ်လာ ၁သိန်း တန်ဖိုးရှိသည့် သရဖူကို ရယူပြီး တိမ်းရှောင်နေကြောင်းနှင့် အဆိုပါ သရဖူကို ပြန်သိမ်းမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ၏ မူလအဖွဲ့အစည်း ဖြစ်သည့် Miss Asia Pacific World Organization က သြဂုတ် ၂၇ရက်နေ့ ညနေပိုင်းက သတင်းထုတ် ပြန်ထားသည်။
ယင်းနှင့်ပတ်သက်၍ အလှ မယ်မေမြတ်နိုးက စက်တင်ဘာ ၂ ရက်ကပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ပလတ်စတစ်ဆာဂျရီ လုပ်ပေးမည်ဖြစ်ကြောင်းနှင့် ကိုရီး ယားနိုင်ငံ၏ နေထိုင်စရိတ်များအ တွက် လိုအပ်သောငွေများအတွက် စပွန်ဆာရှာရန် Organization အဖွဲ့ က တိုက်တွန်းခဲ့ကြောင်း၊ သူမ၏အဖြစ်အပျက်သည် အလှမယ် ရွေး ချယ်ခံရပြီး လူကုန်ကူးခံရသလိုဖြစ် ကြောင်း၊ မြန်မာအမျိုးသမီးတစ် ယောက်၏ ဂုဏ်သိက္ခာကို ရိုက်ချိုး ပြီး မြန်မာနိုင်ငံကို စော်ကားသည့် Organization ကပေးသည့် သရဖူ ကို မလိုချင်ကြောင်း၊ လူကြီးများ ရှေ့တွင် တရားဝင်တောင်းပန်မှသာ သရဖူကို ပြန်ပေးမည်ဖြစ်ကြောင်း ပြော ကြားထားသည်။
KM

No comments:

Post a Comment

Note: Only a member of this blog may post a comment.