သတင်းနှင့်နည်းပညာများ

9/2/14

ရထားပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းကို ခြိမ်းခြောက်လာတဲ့ ကြမ်းပိုးပြသနာ


ရထားပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းကို ခြိမ်းခြောက်လာတဲ့ ကြမ်းပိုးပြသနာ
====================================================
နယူးယောက်
အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်က ရထားလမ်းပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေမှာ ကြမ်းပိုး ရဲ့ ခြိမ်းခြောက်မှုက နိစ္စဓူဝ ခရီးသွားတွေအတွက်ကြောက်လန့်စရာဖြစ်လာတယ်လို့ သိရပါတယ်။
အမေရိကန် ရထားပို့ဆောင်ရေးလုပ်ငန်း အဏာပိုင် (MTA) ကလည်း ပြည်တွင်းရထားများမှာ ကြမ်းပိုးတွေ့ရှိမှု ရှိတယ်လို့ ၀န်ခံထားခဲ့ပါတယ်။
နယူးယောက်ဒေသခံရထားစီးသူတစ်ဦးကတော့ ရထားစီးရင် ထိုင်ခုံကို အမြဲ စစ်ဆေးပြီး အခုအခါမှာတော့ မတ်တပ်ရပ်ပြီး စီးတာပိုများတယ်လို့ ဆိုပါတယ်။
MTA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ နေ့စဉ် ရထားတွဲ က လူပေါင်း ၅.၈ သန်းကို သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုပေးရာမှာ ယခုနှစ်အစောပိုင်း ကာလအတွင်း မတူညီတဲ့ ရထားလမ်းပိုင်း ၈လမ်းက ရထားတွဲ ၁၆ တွဲမှာသာ ကြမ်းပိုးများကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
MTA က ရထားလမ်းပို့ဆောင်ရေးဝန်ဆောင်မှုမှာ စိုးရိမ်စရာ တိုးပွားလာတဲ့ ကြမ်းပိုးပြသနာကို ဖြေရှင်းနိုင်ဖို့ ကျွမ်းကျင်သူများကို ငှားရမ်းပေးပြီး ဖြစ်တယ်လို့ အတည်ပြုပြောကြားထားပါတယ်။
ဒါပေမယ့် ဘယ်အချိန်မှာ စတင် အကောင်အထည်ဖော် ဖြေရှင်းမယ်ဆိုတာတော့ အတိအကျ ထုတ်ဖော်ပြောဆို ခြင်း မရှိခဲ့ပါဘူး။
Ref : Fox News

No comments:

Post a Comment

Note: Only a member of this blog may post a comment.