သတင်းနှင့်နည်းပညာများ

12/15/14

ရုပ်ရှင်တွေထဲကလို သြစတေးလျးက မြို့လယ်ခေါင်မှာ အနုကြမ်းဝင်စီး


ရုပ်ရှင်တွေထဲကလို သြစတေးလျးက မြို့လယ်ခေါင်မှာ အနုကြမ်းဝင်စီး
ရုပ်ရှင်တွေထဲမှာ မြင်တွေ့ရတဲ့ ဖြစ်ရပ်တစ်မျိုးကို သိကြမှာပါ။ လက်နက်ကိုင် တစ်ဦးဦး သို့မဟုတ် အဖွဲ့ တစ်ဖွဲ့က မြို့လယ်ခေါင် လူစည်ကားရာ နေရာက စားသောက်ဆိုင်၊ ဘဏ်နဲ့ ကုမ္ပဏီတွေကို အနုကြမ်းစီးပြီး ဓားစာခံများကို အထဲမှာ ထားထားတာမျိုး ဖြစ်ပါတယ်။ ဒါကလည်း အပြင်မှာ တကယ်ဖြစ်ဖူးလို့ ရုပ်ရှင်ထဲကို ရောက်လာတာပါ။ ယခု ယင်းဖြစ်ရပ်ဟာ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့လယ်ခေါင်က ကော်ဖီဆိုင် (Cafe) တစ်ခုမှာ ဖြစ်နေပါပြီ။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် (ယနေ့)မှာပဲ ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဆိုင်မှာ ဝန်ထမ်း ၁၀ ဦးရှိပြီး အထဲမှာ အခြား ဓားစာခံ ဘယ်နှစ်ဦးပါအုံးမလဲ ဆိုတာ မသိသေး ပါဘူး။ ခန့်မှန်းခြေကကတော့ ဆိုင်မှာ ပုံမှန်ဆိုရင် ၃၀ ဝန်းကျင်လောက် ရှိတတ်ကြောင်း ဆိုပါတယ်။ ဒီတော့ ဆိုင်ဝန်ထမ်းနဲ့ ပေါင်းလိုက်ရင် ၄၀ ကျော်လောက်တော့ ခန့်မှန်းရပါတယ်။ သေချာတော့ မသိကြသေး ပါဘူး။ လွန်ခဲ့တဲ့ ၂ နာရီ၊ ၃ နာရီ လောက်ကပဲ ၅ ဦးကို လွတ်ပေးခဲ့ပါတယ်။
အနုကြမ်းစီးထားသူများက လက်နက်ကိုင် အစွန်းရောက် အစ္စလာမ်းမစ် ဝါဒီသမားများ ဖြစ်ကြောင်း သြစတေးလျမှ ထုတ်ပြန်ထားပါတယ်။ ဆိုင်ထဲကနေလည်း အာရေဗျိယ ဘာသာနဲ့ ရေးသားထားတဲ့ အလှံကို ထောင်ထားလို့ ဖြစ်ပါတယ်။ ဆိုင် မှန်တံခါးမှာလည်း ဓားစာခံတွေနဲ့ ဝန်းရံထားကြောင့် စနိုက်ပါပစ်မှတ်လည်း ရှာမရနိုင်ပါဘူး။
သြစတေလျးဟာ အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အီရန်တို့မှာ ၎င်းတို့ရဲ့ စစ်ဆင်ရေးမှာ ၂၀၁၄ နှစ်လယ်နောင်းပိုင်းမှာ ပြင်းထန်ခဲ့ပါတယ်။ လက်ရှိ အမေရိကန်ဦးဆောင် တိုက်နေတဲ့ တိုက်ပွဲမှာလည်း တပ်သားအပြင် ဗုံးကျဲလေယာဉ်ထောက်ပံ့မှုများ ပါင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဒီတော့ စစ်မှာ တရားတာ မတရားတာထက် Side effect က ကြီးပါတယ်။ ရန်သူတို့ ခိုတဲ့ စခန်းက လူတွေနေတဲ့ ရပ်တွေ၊ ရွာတွေလည်း ဖြစ်တော့ စစ်ဆင်ရေးတိုင်မှာ အပြစ်မဲ့ မွတ်ဆလင်တွေလည်း သေရပါတယ်။ ဒါကြောင့်မို့ အပြစ်မဲ့ မွတ်ဆလင်များ ထိခိုက်ခံစားနေရမှုအတွက် မကျေနပ်မှုအား ထုတ်ဖော်ရန် အစွန်းရောက် အဖွဲ့တစ်ခုက သြစတေးလျမှာ ယခုလို အနုကြမ်းစီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုပါတယ်။
ဒီတော့ ဖြစ်ရပ်မှာ နိုင်ငံရေး အကွက်ရွှေ့သူများကြား အပြစ်မဲ့ လူများ စတေးခံနေရခြင်း ဖြစ်ပါတယ်။ ဆိုင်ထဲမှာ ဘယ်သူမှ အနှိပ်စက် ခံရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ သြစတေးလျ အနေနဲ့ ငြိမ်းချမ်းစွာပဲ ညှိယူဖို့ စီစဉ်ထားကြောင်း ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အတော်ဆုံး စနိုက်ပါနဲ့ ကွန်မန်ဒို တပ်သားများကို ပတ်ပတ်လည် ဝန်းရံထားပါတယ်။ အထက် လေပြင်မှာလည်း ရဟတ်ယာဉ်များနဲ့ ဝန်းရံထားပါတယ်။
ဒါကြောင့်မို့ ဖြစ်ရပ်က ဘယ်လို ဆက်မယ်ဆိုတာ စဉ်းစားစရာပါ။ သတင်း ဖြစ်ရပ်များကို လေ့လာချင်ရင် sydney siege ဆိုတဲ့ keyword နဲ့ Google search မှာ ရှာဖွေနိုင်ပါတယ်...
မှုခင်း ဖြစ်ပွားနေမှု Live ကို https://www.youtube.com/watch?v=nvzpSvyyZisမှာ ကြည့်ရှု နိုင်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎news_yyl‬
.

No comments:

Post a Comment

Note: Only a member of this blog may post a comment.