သတင်းနှင့်နည်းပညာများ

12/17/14

ကြက်ဥပေါ်က အနုပညာ



ကြက်ဥပေါ်က အနုပညာ
ကြက်ဥ၊ ဘဲဥတွေပေါ်မှာ ပန်းပု ပန်းလက်ရာနဲ့ အလှဆင်တဲ့ ပညာကို တတ်သူ ကမ္ဘာမှာ ရှားပါတယ်။ ယင်းထဲမှာ တစ်ဦးကတော့တရုတ်ပြည်က Wen Fuliang လို့ အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
သူဟာ Shaanxi ပြည်နယ်မှာ နေထိုင်ပြီး တစ်သက်လုံး သစ်သားပန်းပုထု၊ ပန်းပညာ ဖြင့် အသက်မွေး လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ တိတ်တဆိတ် လေ့လာခဲ့တဲ့ ပညာ တစ်ခုတော့ ရှိပါတယ်။ ယင်းကတော့ ကြက်ဥ၊ ဘဲဥ တို့ ပေါ်မှာ ပန်း ပန်းပု၊ အနုပညာလက်ရာများ အလှထိုးခြင်း ဖြစ်ပါတယ်။ သူဟာ ယင်း ပညာကို တတ်မြောက်ဖို့အတွက် ၁၀ နှစ်တောင် ကြိုးစားခဲ့ရပါတယ်။ ကြက်ဥခွံ၊ ဘဲဥ အခွံတွေပေါ်မှာ ထိုးခြင်း ဖြစ်ပါတယ်။ ဒီအတွက် စိန် ထိပ်မှာ တပ်ထားတဲ့ အပ်နဲ့ လျှပ်စစ် Rotary တပ်ဆင်ထားတဲ့ သူကိုယ်တိုင် ပြုလုပ် ပန်းထိုး စက်ငယ်လေးနဲ့ ထိုးတာပါ။
သူ့ရဲ့ လက်ရာဟာ တရုတ်ပြည်မှာတင် မဟုတ်ပဲ ကမ္ဘာကျော်သွားခဲ့ပြီး အရုပ်အမျိုးမျိုး၊ ပန်းအနု လက္ခဏာ အမျိုးမျိုး ရေးထိုးထားတဲ့ ကြက်ဥ၊ ဘဲဥ ခွံများဟာ ယနေ့တိုင် အရောင်းသွက်ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎amazing_yyl‬

No comments:

Post a Comment

Note: Only a member of this blog may post a comment.