သတင်းနှင့်နည်းပညာများ

1/5/15

စစ်သွေးကြွများတိုက်ဖျက်ရေးတွင် မြန်မာနှင့်ဘူတန်မှ အကူအညီပေးရန် အိန္ဒိယတိုက်တွန်း


စစ်သွေးကြွများတိုက်ဖျက်ရေးတွင် မြန်မာနှင့်ဘူတန်မှ
အကူအညီပေးရန် အိန္ဒိယတိုက်တွန်း
============================================
မွန်ဘိုင်း၊ ဒီဇင်ဘာ ၂၆
အိန္ဒိယနိုင်ငံသည် ၄င်းတို့၏အိန္ဒိယစစ်သွေး ကြွများ တိုက်ဖျက်နေမှုတွင် မြန်မာနိုင်ငံနှင့် ဘူတန်နိုင်ငံက အကူအ ညီပေးအပ်ရန် ကြာသပတေးနေ့က တိုက်တွန်းတောင်းဆိုသွားခဲ့သည်။
စစ်သွေးကြွအနွယ်ဝင်ဖြစ်သော ဘိုဒို (Bodo)သူပုန်များ သည် အိန္ဒိယနိုင်ငံတွင် ခြေကုပ်ယူလှုပ်ရှားလျက် ရှိနေသည်။ ၄င်းစစ် သွေးကြွများသည် ယခင်အင်္ဂါနေ့က အက်ဆမ်တွင် ကျေးရွာသား ၇၆ ဦးကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ က မြန်မာနှင့်ဘူတန်ကို အကူအညီ တောင်းခံလိုက်ခြင်း ဖြစ်သည်။
''နိုင်ငံ တစ်နိုင်ငံကတော့ သေချာပေါက် ကူညီပါလိမ့်မယ်။ တခြားနိုင်ငံတွေကလဲ ကူညီနိုင်ပါတယ်''လို့ အိန္ဒိယ အစိုးရရဲ့ပြည်ထဲ ရေးဝန်ကြီး ရာဂ်ျနတ်ဆင်းက ပြောသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီးရာဂ်ျနတ်ဆင်းသည် အခြေအ နေကို အကဲဖြတ်သုံးသပ်ရန် အခင်းဖြစ်ပွားခဲ့သောနေရာသို့ နှစ်ရက် ကြာ အလည်အပတ်ခရီး ရောက်ရှိသည်။
ဘိုဒိုစစ်သွေးကြွ အဖွဲ့ခေါင်း ဆောင် မှာ အိုင်ကေဆွန်ဘီဂျစ်ဖြစ်၍ မြန်မာနိုင်ငံ ကချင်ဒေသတွင် အခြေစိုက်ထားပြီး အိန္ဒိယအူဖလာပြည်နယ်အတွင်း ပါရက်ရှ်ဘာရူရာ ဒေသတွင် အခြေစိုက်စခန်းခွဲ ထားရှိလှုပ်ရှားလျက်ရှိကြောင်း The Times of India ကဖော်ပြသည်။
လွန်ခဲ့သည့်အပတ်အတွင်းက NDFB (IK Sorbijit) ၏အဖွဲ့မှာ အာသံပြည်နယ်တွင်းရှိ ရွာသား ၇၆ ဦးအား သတ်ဖြတ်ခဲ့ပြီး မြန်မာနှင့် ဘူတန်နိုင်ငံအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု အိန္ဒိယ လုံခြုံရေး တာဝန်ရှိသူများက ပြောသည်။
''ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လာခိုအောင်းနေပြီး ပြည်ပ အိမ်နီးချင်း နိုင်ငံတွေကို တိုက်ခိုက်ရင် လက်ခံမှာမဟုတ်ပါဘူး။ ပူး ပေါင်းဆောင်ရွက်သွားမှာပါ''ဟု သမ္မတရုံး အကြီးတန်းအရာရှိက ဖလားဝါးနယူးစ်ဂျာနယ်သို့ပြောသည်။

|───────────Yangon Media Group ──────────|

No comments:

Post a Comment

Note: Only a member of this blog may post a comment.