သတင်းနှင့်နည်းပညာများ

11/6/13

ရထားလမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၆

၅.၁၁.၂၀၁၃ရက်နေ့ ၁၈၅၅အချိန်တွင် ကမာရွတ်မြို့နယ်၊ (၇)ရပ်ကွက်၊နာနတ်တောခုံးကျော်တံတားအောက်တွင် လှည်းတန်းဘူတာဘက်မှ ဟံသာဝတီဘူတာဘက်သို့ 
စက်ခေါင်းမောင်း ဦးတင်မောင်ရွှေ မောင်းနှင်လာသည့်
စက်ခေါင်းအမှတ် DD- 9346 အထူးမြို့ပတ်ရထားသည်
မိုင်တိုင်အမှတ် ၄/၁၃ အရောက်၌ ရထားသံလမ်းအားဖြတ်ကူးသူ မျိုးအောင်(ခ)အငဲကြီး (ဘ)ဦးစိန်အောင်၊ (၇)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအား တိုက်မိသဖြင့် ဦးခေါင်းနှင့် ၀ဲလက်ကောက်ဝတ်ပြတ်သေဆုံးသွားသဖြင့်ကမာရွတ်မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၃)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit By - Yangon Police

No comments:

Post a Comment

Note: Only a member of this blog may post a comment.