Redlink မှ Wifi တပ်ဆင်ပေးနေမှု နိုဝင်ဘာတတိယပတ်အတွင်း ပြီးစီးမည်
[ မင်း သန့် ၊ ရနု ကုန် ၊ နိုဝင်ဘာ ၅ ]
ဆီးဂိမ်းပြိုင် ပွဲ လက်ခံကျင်းပမည့် အားကစား ရုံများတွင် WIFI ထုတ်လွှင့်ပေး နိုင်ရန် နည်းပညာပစ္စည်းများတပ် ဆင်မှုမှာ နိုဝင်ဘာတတိယပတ် တွင် အပြီးသတ်နိုင်လိမ့်မည်ဟု သိရသည်။မြန်မာနိုင်ငံက ဒီဇင်ဘာ ၁ရက်မှစတင်ကာ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို နေ ပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင်ကျင်းပမည်ဖြစ် ပြီး ရန်ကုန်နှင့်ငွေဆောင်တို့တွင် ကျင်းပမည့် အားကစားပြိုင်ပွဲများ အတွက် WIFI ထုတ်လွှင့်ပေးရန် တာဝန်ယူထားသည့် Redlink က ယခုလ တတိယပတ်အတွင်း ပြီး စီးနိုင်လိမ့်မည်ဟု ဆိုခဲ့ခြင်းဖြစ် သည်။
Redlink ၏ Sale & Marketing လက်ထောက်အထွေ ထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ''ဆီးဂိမ်းမှာ ကျွန်တော်တို့ တာဝန် ယူပေးထားတဲ့နေရာတွေမှာ Wifi ထုတ်လွှင့်ပေးနိုင်ဖို့ နည်းပညာ ပစ္စည်းတွေတပ်ဆင်နေမှုက ဒီလ တတိယပတ်အတွင်း အပြီးသတ် နိုင်မှာဖြစ်တယ်''ဟု ပြောသည်။
ျွနိုငညုအနေဖြင့် ရန်ကုန် မြို့တွင် အဓိက Wifi ထုတ်လွှင့် ပေးရမည့်နေရာမှာ သုဝဏ္ဏအား ကစားကွင်းတွင်ပြုလုပ်မည့် ဘော လုံးပြိုင်ပွဲဖြစ်သည်။
ယင်းကွင်းတွင် Wifi ထုတ် လွှင့်ပေးနိုင်ရန် အောက်တိုဘာ လဆန်းမှစတင်ကာ တပ်ဆင်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရ သည်။
သုဝဏ္ဏကွင်းရုံမှတာဝန် ရှိသူတစ်ဦးက ''အောက်တိုဘာ ၉ရက်ကတည်းက Wifi ထုတ်လွှင့် ပေးနိုင်ဖို့အတွက် တပ်ဆင်ပေး နေတာပါ။ အခုအချိန်အထိတော့ မပြီးသေးပါဘူး။ ဘောလုံးတစ် ကွင်းလုံးကို Wifi ထုတ်လွှင့်ပေး သွားမှာဖြစ်တယ်။ မီဒီယာစင်တာ အတွက် အင်တာနက်သုံးစွဲမှုမှာ လဲ အရင်ကထက် ပိုကောင်းတဲ့ Bandwidth ကိုရရှိမှာဖြစ်ပါတယ်။ အခုဆိုရင် အထူးတန်းပွဲကြည့် စင်မှာရော အရှေ့ဘက်ပွဲကြည့် စင်မှာရော Network တပ်ဆင် မှုတွေက ပြီးစီးနေပါပြီ။ နိုဝင် ဘာ ၂ဝရက်လောက်မှာတော့ ပြီးစီးနိုင်မယ်လို့ သိရတယ်''ဟု ပြောသည်။
Credit By - Yangon Media Group
No comments:
Post a Comment
Note: Only a member of this blog may post a comment.