11/8/13
ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည်
ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည်
ဂျပန်နိုင်ငံက လှူဒါန်းမည့် သင်္ဘောများ ရောက်ရှိချိန် ဖြစ်သော ၂၀၁၄ ခုနှစ်တွင် လက်ရှိ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (သယ်ယူပို့ဆောင်ရေး ဌာန) မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးမျိုးနိုင်က ပြောကြားသည်။
မြစ်အတွင်း လေ့လာ လည်ပတ်သူများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနားများ ပြုလုပ်ရန် ငှားရမ်းနိုင်မည် ဖြစ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ငှားရမ်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ဆိတ်ကြီးခနောင်တို ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားသော်လည်း ဆိတ်ကြီးခနောင်တို ကျေးရွာသို့ ဝင်ရမည့် မြစ်မှာ ကျဉ်းမြောင်းသောကြောင့် ပြေးဆွဲပေးရန် မသေချာသေးကြောင်း၊ ယခုကဲ့သို့ Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲခြင်းသာ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ၏ ရေမြေ အနေအထား၊ ရာသီဥတုနှင့် လူနေမှု ဓလေ့၊ ခရီးသည်၏ သိပ်သည်းဆတို့ကို တွက်ချက်၍ ဂျပန်နိုင်ငံတွင် သင်္ဘော သုံးစင်းကို တည်ဆောက်လျက် ရှိရာ ၂၀၁၃ ခုနှစ်ကုန်တွင် ရောက်ရှိမည် ဖြစ်ကြောင်း ယင်းဌာနမှ စုံစမ်း သိရှိရသည်။
ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် စက်ရှိ၊ စက်မဲ့ ရေယာဉ် ၄၂၁ စင်းက ကူးတို့လမ်း ခုနစ်လမ်း၊ ခရီးလမ်း ၃၅ လမ်းကို ပြေးဆွဲလျက် ရှိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။
Credit By - The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.