12/21/13
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွေကို မတ်လ (၁၂) ရက်မှာ စတင် ဖြေဆို
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွေကို မတ်လ (၁၂) ရက်မှာ စတင် ဖြေဆိုရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာသာရပ်များအလိုက် စာမေးပွဲကို မတ်လ (၁၂) ရက်ကနေ (၂၂) ရက်ထိ ဖြေဆိုသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖြေဆိုချိန်ကို နံနက် (၉) နာရီကနေ မွန်းတည့် (၁၂) နာရီထိ သတ်မှတ်ထားပြီး ဘာသာရပ်များအလိုက် ဖြေဆိုရမဲ့ နေ့ရက်များမှာ မတ်လ (၁၂) ရက်မှာ မြန်မာစာ၊ (၁၃) ရက်မှာ အင်္ဂလိပ်စာ၊ (၁၄) ရက်မှာ သင်္ချာ၊ (၁၇) ရက်မှာ ဓာတုဗေဒ၊ (၁၈) ရက်မှာ ရူပဗေဒ၊ (၁၉) ရက်မှာ (ဇီဝဗေဒ) နဲ့ ဘောဂဗေဒ၊ (၂၀) ရက်မှာ ပထ၀ီဝင်၊ (၂၁) ရက်မှာ သမိုင်းနဲ့ (၂၂) ရက်မှာ စိတ်ကြိုက် မြန်မာစာတို့ ဖြစ်တယ်လို့ ပညာရေး ၀န်ကြီးဌာနမှ သိရှိရကြောင်း သတင်းရရှိပါသည်။
SKY Net - dth/mps
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.