သတင်းနှင့်နည်းပညာများ

12/21/13

" Set Top Box များ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးခွဲများတွင် အခမဲ့ထုတ်ယူနိုင် "



" Set Top Box များ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးခွဲများတွင် အခမဲ့ထုတ်ယူနိုင် "

MRTV, MITV, လွှတ်တော်ရုပ်သံလိုင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံ လိုင်း၊ တောင်သူလယ်သမား ရုပ်သံလိုင်းများကို အခမဲ့ ကြည့်ရှုနိုင်သော Set Top Box များအားလာမည့်နှစ် ဇန်နဝါရီလ ပထမပတ်အတွင်း အခမဲ့ ထုတ် ယူနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာန မှ သတင်းရရှိသည်။

Set Top Box များအား စီးပွား ဖြစ် မဟုတ်သော ဆေးရုံ/ဆေးခန်း များ၊ စီးပွားဖြစ် မဟုတ်သော စာသင်ကျောင်း များ၊ မိဘမဲ့၊ လူအိုရုံ၊ မသန်စွမ်းကျောင်းများ၊ ပြည်သူ့ စာကြည့်တိုက်များ၊ သိပံ္ပ၊ ကောလိပ် တက္ကသိုလ်များ၊ စီးပွားဖြစ် မဟုတ်သော အများပြည်သူ ကြည့်ရှုရာ နေရာများ၊ သာရေး နာရေ လူမှုရေး အသင်းများ၊ အိမ်ထောင်စု တစ်စု လျှင် တစ်လဝင်ငွေကျပ် တစ်သိန်းခွဲအောက် ဖြစ် ပြီး သစ်သား၊ ဝါးအိမ်ဖြင့် နေထိုင်သော အိမ်ထောင်စုများကို အခမဲ့ ဖြန့်ဝေပေး ပြီး မရရှိသေးသော သူများအား မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ဌာနခွဲ တွင် လာ မည့်နှစ် ဇန်နဝါရီလ အတွင်း အခမဲ့ ထုတ်ယူနိုင်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာ နမှ သတင်း ထုတ်ပြန်သည်။

Set Top Box များမှ အထက်ပါ လိုင်းငါးလိုင်း အပြင် MRTV 4 နှင့် မြဝတီ ရုပ်သံ ထပ်ဆင့်လွှင့်စက်ရှိသော ဒေသများတွင် နောက်ထပ် ရုပ်သံလိုင်း ၁ဝ လိုင်းကျော် ကို ထပ်မံ၍ အခမဲ့ ကြည့်ရှုနိုင်ပြီး Set Top Box များ တပ် ဆင် ပြီးစီးနေသော ရန်ကုန်၊ နေပြည် တော်၊ မန္တလေး တစ်ဝိုက် ရုပ်သံဖမ်းယူ ကြည့်ရှုနိုင်မည့် မြို့နယ်များ အတွက် ၂ဝ၁၄ ခုနှစ်တွင် Set Top Box များမှ ဖမ်းယူနိုင်သော စက် များအား အသံ လွှင့်စက်ရုံ ၂၂ ရုံတွင် တပ်ဆင် သွားမည် ဖြစ်သည်။ Set Top Box ဖမ်းယူနိုင် သော မြို့နယ် များအား တစ်ပြိုင်နက် အခမဲ့ ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိ သည်။

ဖိုးလပြည့်

Popular Myanmar News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.