ဥရောပ ပရီးမီးယားလိဂ်တစ်ခုတွင် မြန်မာလူမျိုး ဘောလုံးသမား ချစ်စန်းကျော် ဝင်ရောက်ကစားနေ
======================================
မင်းသန့်
======================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။ ဖင်လန် ပရီးမီးယားလိဂ်အသင်း တစ် သင်းဖြစ်သည့် KUPS လူငယ် အသင်း တွင် မြန်မာလူမျိုးဘော လုံးသမားတစ်ဦး ဝင်ရောက်က စားနေပြီဖြစ်ကြောင်း သိရသည်။
KUPS ၏ Junior A အ သင်းတွင် Jose အမည်ဖြင့် ကစားလျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း၏ရွေး ချယ်ခြင်း ကို ခံခဲ့ရသူလည်းဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး အသက်၁၉နှစ်အောက် အသင်းတွင် ၂၀၁ဝပြည့်နှစ် ဇူလိုင်လ က ရွေးချယ်ခံရကာ အသင်းနှင့်အတူ ကာလတိုလေ့ ကျင့်ခွင့်ရခဲ့သူ လည်း ဖြစ်သည်။
ထိုစဉ်က ယင်းနှင့်အတူ လေ့ကျင့်ခွင့်ရခဲ့သူ ကစားသမား အချို့မှာ ယူ-၁၉ ဥရောပချန်ပီ ယံရှစ်တွင် ဖင်လန်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။
Yangon Media Group

No comments:
Post a Comment
Note: Only a member of this blog may post a comment.