သတင်းနှင့်နည်းပညာများ

12/7/13

ထိုင်းက ရိုဟင်ဂျာ ဒုက္ခသည်များကို လူမှောင်ခိုကူးသူများထံ ရောင်းချ


ထိုင်းက ရိုဟင်ဂျာ ဒုက္ခသည်များကို လူမှောင်ခိုကူးသူများထံ ရောင်းချ
================================
Ref: Pressetv
================================
ဘန်ကောက် ၊ ဒီဇင်ဘာ ၆ ။ ။ ထိုင်းနိုင်ငံလူဝင် မှုကြီးကြပ် ရေးအရာ ရှိတို့က မြန်မာနိုင်ငံမှ ထွက်ပြေး လာသော ရိုဟင်ဂျာ ဒုက္ခသည်များကို တရားမဝင်လူ ကုန်ကူးသူများထံ ရောင်းချခဲ့ ကြောင်း စုံစမ်းစစ်ဆေးမှုအသစ် တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ 

စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ဖော်ပြချက်အရ ထိုင်းနိုင်ငံ လူဝင် မှုကြီးကြပ်ရေး၏ ထိန်းသိမ်းရေး စခန်းများမှ ရိုဟင်ဂျာ ဒုက္ခသည် များကို ပင်လယ်ပြင်တွင် စောင့် ဆိုင်းနေသော တရားမဝင်လူကုန် ကူးသူများထံမှ လွှဲပြောင်းပေး ခဲ့သည်ဟု သိရသည်။

ရိုဟင်ဂျာဒုက္ခသည်များ အား ထိုင်းနိုင်ငံတောင်ပိုင်း တစ် လျှောက် တိတ်တဆိတ်လွှဲပြောင်း ပို့ဆောင်ကာ ထိုင်း၊ မလေးရှား နယ်စပ်အနီးရှိ လုံခြုံရေးတင်း ကျပ်စွာ ချထားသော စခန်းများ တွင် ဓားစာခံများအဖြစ် ထိန်း သိမ်းထား ပြီး ထိန်းသိမ်းထားသူ တို့၏ ဆွေမျိုးသားချင်းများ က လာရောက်ငွေပေးရွေးမှသာ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ငွေပေးရွေးနိုင်ခြင်းမရှိ သော ဖမ်းဆီးထိန်းသိမ်းထားသူ များကိုမူ တချို့သော သင်္ဘော သယ်ယူပို့ဆောင်ရေးကုမ္ပဏီ များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ သို့ ရောင်းချခဲ့သည်ဟုသိရ သည်။

ထိန်းသိမ်းရေးစခန်းများရှိ ရိုဟင် ဂျာအများအပြား မှာ သေဆုံးခဲ့ ကြောင်း၊ သေဆုံးသူများအနက် တချို့ကို စခန်းလုံခြုံရေးအစောင့် တို့က ပစ်ခတ်သတ်ဖြတ်ခြင်း ဖြစ်ပြီး အများစုမှာ ရေဓာတ်ခန်း ခြောက်သည့်ရောဂါကြောင့် သေ ဆုံးရခြင်းဖြစ်သည်ဟု အသက် ရှင်ကျန်ရစ်သူတို့ က ပြောသည်။

Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.