သတင်းနှင့်နည်းပညာများ

12/30/14

ရာဇ၀င်ကြွေးကို သွေးအေးအေးဖြင့်အဆပ်ခံရခြင်း



ရာဇ၀င်ကြွေးကို သွေးအေးအေးဖြင့်အဆပ်ခံရခြင်း
=========================
(၁)
တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..
တိတိကျကျပြောရရင် ၁၇၆၀ မှာ..
မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..
ဆင်ဖြူရှင်ဘုရင် ဆိုတာထင်ရှားခဲ့ပါတယ်...
အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်က
မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊
ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ်ကျူးကျော်စစ်
ဖြစ်တဲ့တရုတ်-မြန်မာစစ်ပွဲ( Seno - Burmese War)
(၄) ကြိမ်စလုံးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်၊
တရုတ်-မြန်မာ ပထမစစ်ပွဲ
-----------------------------
၁၇၆၅ ခုနှစ် မတ်လအတွင်းမှာ ဆင်ဖြူရှင်မင်းတရားကြီးဟာ
အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာ
အခွင့်ကောင်းယူပြီး တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို
စတင် လုပ်ကြံလာပါတယ် ။ ထိုစဉ်က ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့
မြန်မာတပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံကနေ ယိုးဒယားကို
ချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းဟာ လက်ဝဲဝင်းမှူး
နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။
တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ ကျိုင်းတုံကို
အထပ်ထပ်ဝန်းရံ တိုက်ခိုက်ပါတယ်။
ကျိုင်းတုံမြို့တွင်းကတပ်တွေကလည်း ထွက်တိုက်တာနဲ့
တရုတ်တွေ ဆုတ်ခွာပြေးရပါတယ်၊
တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး
မဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးသွားပါတယ်၊
အဲဒီစစ်ပွဲမှာ တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊
မြင်းတစ်သောင်းအထိ ချီတက်လာပြီး တရုတ် စစ်သည်တစ်သောင်း
ကျဆုံးခဲ့တယ်လို့သိရပါတယ်။
အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရတဲ့အတွက် ယူနန်ဘုရင်ခံ
လျူစောက်ဟာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားပါတယ်။
တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------
၁၇၆၆ မှာ ဒုတိယအကြိမ်အနေနဲ့တရုတ်တို့ဟာ
ယူနန်ဘုရင်ခံသစ်ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ
ချီတက်လာပြန်ပါတယ်၊
ဆင်ဖြူရှင်ဟာ တရုတ် တပ်ကြီး မရောက်မီလေးမှာ
ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော
မြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ
မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်ပါတယ်၊
ဗန်းမော်မြို့ကို မြန်မာတို့ဟာတင်းကြပ်စွာ
ထိန်းသိမ်းခြင်း မပြုတဲ့အတွက် တရုတ်တို့ဟာ
လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြပါတယ်။
ဆင်ဖြူရှင်ဟာ တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန်
ဝန်ကြီး မဟာစည်သူ ကွပ်ကဲတဲ့ စစ်တပ်ကြီးကို
ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား
စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့်
နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေပါတယ်..၊
ကျိုင်းတုံမှာ မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ်
ထိုးစစ် ဆင်လာတဲ့တရုတ်တို့ကို စစ်ကူများ ရောက်လာသည့်
တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။
နေမျိုးစည်သူ စစ်တပ်ကြီးဟာ ဗန်းမော်ကို ပြန်လည်
သိမ်းပိုက်လိုက်ပြီး တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်ပြီး
ကောင်းတုံခံတပ်မှမြန်မာတပ်များက ရှေ့မှ ထွက်တိုက်ကာ
နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ
တိုက်ခိုက်ပါတယ်၊
တရုတ်တို့က "သူတို့ဟာ မြန်မာတို့၏ ထောင်ချောက်တွင်းသို့
ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်"
ဆိုပြီး မှတ်တမ်းများမှာ ဝန်ခံထားကြပါတယ်၊
တရုတ် စစ်မှူး ချိုဟန်ပိုင်ဟာ ကျန်နေတဲ့ စားနပ် ရိက္ခာများကို
ဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်...၊
ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာတဲ့ မြန်မာ
တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ကူးပြီး...
ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးမှာစခန်းချ နေတဲ့
တရုတ် စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊
မြန်မာတို့ဟာ တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း
နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍
စန္ဒားတိုင်အောင် ချီတက်ကြပြီးမဟာသီဟ သူရ၏
စစ်တပ်ကြီးနဲ့ ပူးပေါင်း မိကြပြန်ပါတယ်၊
နယ်စပ်ရှိ တရုတ်တို့ရဲ့ ခံတပ်တွေကို မြန်မာ စစ်တပ်ကြီးတွေက
သိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိခဲ့ပါတယ်၊
တရုတ် မှတ်တမ်းတွေမှာ ယူနန် ဘုရင်ခံဟာ ကြောက်ရွံ့
တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟုဆိုပါတယ်။
တရုတ်ဧကရာဇ်ချင်းလုံကို ယူနန်ဘုရင်ခံဟာ တရုတ်တွေစစ်ရေးအသာ
ရှိနေတယ် လိမ်လည်လှည့်ဖျားပြီးအစီရင်ခံတဲ့အတွက်
တရုတ်ဧကရာဇ်ဟာအဲဒီယူနန်ဘုရင်ခံကို
ပီကင်းကိုခေါ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်စေခဲ့ပါတယ်၊
တရုတ်-မြန်မာ တတိယစစ်ပွဲ
-------------------------------
အဓိကပြောချင်တာကတော့ တတိယစစ်ပွဲမှာပါ..
၁၇၆၇ ခုနှစ်မှာ တရုတ်တပ်တွေဟာ တတိယအကြိမ် ချီလာပြန်ပါတယ်၊
တရုတ်ဧကရာဇ်ဟာ ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်တဲ့
မန်ချူး စစ်ဗိုလ်ချုပ်ကြီး တဦး လို့ အသိအမှတ် ပြုခံရတဲ့ မင်းယွီကို
ခန့်အပ်ပြီး စစ်သည် ၅၀၀၀၀ ပါဝင်တဲ့ တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ်၊
မင်ယွီဟာသူ့တပ်ကိုနှစ်ပိုင်းခွဲပြီး တစ်တပ်ကိုသူကိုယ်တိုင်လိုက်ပါပြီး
သိန္တီ ကိုချီတက်ပါတယ်၊
မင်ယွီဟာ မန်ချုးဧကရာဇ်ချင်းလုံရဲ့သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန်
နိုင်ငံကြီးကို တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့တဲ့အတွက်ဘုရင်က သူ့သမီးနဲ့
ထိမ်းမြားလက်ဆက်ပေးထားသူ ဖြစ်ပါတယ်၊
တရုတ်သမိုင်းမှာထင်ရှားတဲ့စစ်သူကြီးတစ်ဦးဖြစ်ပါတယ်..
သိန္တီမြို့ကို တရုတ်တပ်တွေက အလွယ်တကူသိမ်းပိုက်ပြီးတဲ့အခါ..
မင်းကြီး မဟာစည်သူ ကွပ်ကဲတဲ့ မြန်မာ တပ်ကြီးဟာ တရုတ်တို့ စစ်ဦးကို
ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့ပါတယ်၊
မင်းကြီး မဟာ သီဟသူရ စစ်တပ်ကြီးဟာ ရွှေစာရံကနေ မြစ်ငယ်မြစ်ကို
ဆန်တက်ပြီး တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ်၊
နေမျိုးစည်သူ ကွပ်ကဲတဲ့ တတိယ မြန်မာ့ စစ်ကြောင်းဟာ
တရုတ် စစ်မှူး အာဆင်ဂျီး ကွပ်ကဲတဲ့ တရုတ်တပ်ကို ဆီးပြီးတိုက်ခိုက်ဖို့
ချီတက်ခဲ့ပါတယ်၊
ဂုတ်ထိပ် အရပ်မှာ မဟာစည်သူ တပ်နဲ့ မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ပြီး
တိုက်ပွဲဖြစ်ပွားရာ မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊
အဲဒီနောက်မှာတရုတ်တပ်တွေဟာဆက်လက်ချီတက်လာပြီး တစ်ကြောင်းက
ယခုဝမ်ခေါင်းရွာ (ယခုမေမြို့အနီးစခန်းအနီး) အထိရောက်လာခဲ့သလို
အင်းဝအနီးမှာရှိတဲ့ မြစ်ငယ် မြစ် ကမ်းအနီးကမှ စဥ့်ကူးအထိရောက်ခဲ့ပါတယ်..၊
အရမ်းကိုနီးကပ်တဲ့အနေအထားပါ...
ဆင်ဖြူရှင်ဟာ အဲဒီအနေအထားကို သိရက်နဲ့ ပျာယာခတ်မနေပဲ
တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်ခဲ့ပါတယ်၊
သူ့နေရာမှာ အာဏာရှင်တွေသာဆိုရင် အခုလောက်ဆို တရုတ်ကိုကြောက်ရတယ်
ဆိုတဲ့အတိုင်း လက်နက်ချပြီး တရုတ်ပြည်အဖြစ်ရောက်ရှိခဲ့တာကြာလောက်ပါပြီ..၊
အဲဒီအချိန်က..
မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင်မူတည်ခဲ့တာပါ။
မြန်မာ့သမိုင်းရဲ့အပြောင်းအလဲကြီးတစ်ခုကို ဆင်ဖြူရှင်လက်ထက်မှာ
ရင်ဆိုင်ခဲ့ရတာပါ..၊
တချက်တိမ်းတာနဲ့ တနိုင်ငံလုံးတုန်လှုပ် ခြောက်ခြား၍ အစည်းပြေပြိး
တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ
ကျရောက်မဲ့အနေအထားပါ၊
ဆင်ဖြူရှင်ဘုရင်ဟာ ရန်သူတရုတ်တပ်မကြီးတွေနီးကပ်နေတာကို..
တုန်လှုပ်မှုမရှိပဲ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည်
စုစည်းခဲ့ပါတယ်။
တရုတ်စစ်သူကြီး မင်းယွီအနေနဲ့သည်လည်း အခက်အခဲများကို ရင်ဆိုင်နေရတဲ့အတွက်
ဆင်ဖြူရှင်ရဲ့ တုန်လှုပ်မှုမရှိတဲ့တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အင်းဝနေပြည်တော်ကို
သူ့တပ်တစ်ခုတည်းနဲ့ မသိမ်းပိုက်နိုင်တော့လို့ ယူဆလာပါတယ်၊
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်သူရဲတွေဖြစ်တဲ့ မဟာသီဟ သူရနဲ့
တိမ်ကြားမင်းခေါင်တို့ရဲ့ မြန်မာ တပ်ကြီးတွေဟာလဲ တရုတ်စစ်တပ်
အချင်းချင်းမဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီး တရုတ်စစ်ကူတပ်နဲ့
ရိက္ခာထောက်တပ်များကိုဟန့်တား ဖြတ်တောက်ထားလိုက်ပါတယ်၊
မင်းယွီ၏ စစ်တပ်ကြီးဟာ ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိတဲ့အချိန် ရိက္ခာများ
အရေးတကြီး လို၍ နေတဲ့အချိန်မှာမှ မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ဖို့
အပြင်း ချီတက် ထိုးဖောက်လာတဲ့ တရုတ် ရိက္ခာထောက်စစ်ကူတပ်တွေဟာ
မြန်မာတို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်ခွာသွားပြီး အဲဒီကနေမှ
လားရှိုး၊ သိန္နီ တိုင်အောင် ဆုတ်ခွာသွားပါတယ်၊
မင်ယွီရဲ့တပ်ဟာ အင်းဝမြို့နဲ့အနီးဆုံးနေရာကိုရောက် လာတဲ့အချိန်မှာ
မြန်မာစစ်တပ်က အခြားစစ်မှူး၊ စစ်ကဲတွဟာ အင်းဝနေပြည်တော်ကို
ပြန်လည် ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ်၊
ဒါပေမဲ့ မင်းကြီး မဟာသီဟသူရက" နောက်ထပ် တရုတ် စစ်ကူနဲ့
ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမယ် "လို့ ပြတ်သားစွာ
အမိန့်ပေးခဲ့တဲ့အတွက် မြန်မာတပ်တွေဟာ စုစည်းမိသွားပါတယ်၊
စစ်သူရဲ နေမျိုးစည်သူဟာ ကျိုင်းတုံကနေ မဟာသီဟ သူရ စစ်တပ်ကြီးနှင့်
လာရောက် ပူးပေါင်းပါတယ်၊
ပြီးတော့ သိန္တီ ကို မြန်မာတပ် နှစ်တပ် ပေါင်းပြီး အပြင်းတိုက်တဲ့အခါ
အခါ သိန္တီမှာရှိနေတဲ့ တရုတ် စစ်မှူးကြီး တာဆင်ဂါးဟာ ထိတ်လန့်မှု ပြင်းပြပြီး
မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်ပါတယ်...
အဲဒီနောက်ပိုင်းမှာ မင်ယွီရဲ့စစ်တပ်ကြီးပဲကျန်ပါတော့တယ်..၊
မြန်မာတွေအဖို့ တစ်ရန် အေးသွားတဲ့အတွက် မင်းယွီဘက်သို့ ဦးလှည့် နိုင်ပါတော့တယ်၊
မင်ယွီဟာ သူ့အကြောင်းသူသိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ
စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့ပါတယ်၊
မင်းယွီဟာ သူ့ရဲ့ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော
မြန်မာ တပ်ကြီးဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက်တွင်
ရောက်နေကြောင်း သိတဲ့အတွက် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ
မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့ပါတယ်.၊
ပထမပိုင်းဂုတ်ထိပ်မှာအရေးရှုံးနိမ့်ခဲ့တဲ့..
မဟာစည်သူဟာ သူရဲ့ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီး
မင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို
ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်ပါတယ်၊
မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိခဲ့ပြီး
အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် မင်ယွီရဲ့တပ်ဟာ အကျအဆုံး
များလာခဲ့ပါတယ်၊
လက်ရှိ ပြင်ဦးလွင်ရှိရာဒေသမှာ..
မြန်မာတပ်တွေဟာ တရုတ်စစ်သည်အင်အား ၃၀၀၀၀ ကို ၃ ရက်လုံးလုံး
အပြင်းအထန်ရေကုန်ရေခမ်း ၀ိုင်းတိုက်ကြတဲ့အတွက် တရုတ်
မင်ယွီရဲ့ စစ်သည်အင်အားဟာ ၂၅၀၀ ပဲကျန်ရှိတဲ့အထိဖြစ်လာပါတယ်၊
အဲဒီတိုက်ပွဲမှာ မြန်မာစစ်သည်တွေရဲ့ဓားတွေဟာသွေးတွေနဲ့
လက်တွေမှာစေးကပ်ပြီး ခွါမရဖြစ်ခဲ့တယ်လို့ ကမ္ဘာ့သမိုင်းမှာ
ရေးသားခဲ့ကြပါတယ်၊
မြန်မာတို့ဟာ တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင်တင်းကြပ်စွာ
ပိတ်ဆို့ ဝန်းဝိုင်းထားကြတဲ့အတွက် တရုတ်ဧကရာဇ်က သူ့သမက်တော်
မင်ယွီကို လှမ်းပို့တဲ့ ပြန်ဆုတ်ခွာဖို့အမိန့်စာတောင် မင်ယွီဆီကို မရောက်ခဲ့ပါဘူး..
မြန်မာတပ်တွေအ၀ိုင်းခံရတဲ့အချိန်မှာ မင်ယွီဟာ သူရဲကောင်းပီသစွာ
သူရတဲ့ရိက္ခာကိုတောင် ဒဏ်ရာရတဲ့ တရုတ်စစ်သည်တွေကိုကျွေးပြီး
သူကိုယ်တိုင်ကတော့သစ်ရွက်တွေကိုသားစားခဲ့တယ်လို့ တရုတ်ရာဇ၀င်မှာ
ရေးသားခဲ့ကြပါတယ်၊
နောက်ပိုင်းမှာ မင်ယွီဟာ သူရဲ့ကျစ်ဆံမှီးကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံကို
ပေးပို့စေပြီး သူကိုယ်တိုင်ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်၊
အဲဒီတိုက်ပွဲမှာ မြန်မာတပ်တွေဟာ အင်အားငါးသောင်းရှိတဲ့
တရုတ်တပ်တွေကိုအောင်နိုင်ခဲ့ပါတယ်၊
တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
-----------------------------
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်မှာ တရုတ်တို့ဟာ နယ်စပ်မှာ
၆၀,၀၀၀ ထက် မနည်းတဲ့ စစ်သည်များကို စုရုံးပြီး ပြန်လည်
ဝင်ရောက်လာပါတယ်၊စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့
လွန်စွာ အားထားရတဲ့မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်၊
ဖူဟင်း၏ တပ်ဟာ စထွက်ကတည်းက မှားယွင်းခဲ့ပါတယ်၊
ငှက်ဖျားရောဂါ ထူထပ်လှတဲ့ မိုးကောင်း နယ်မြေမှာ အလဟဿ
လှည့်လည်၍ နှစ်လတိုင်တိုင် အချိန်ဖြုန်းခဲ့သလိုဖြစ်ခဲ့ပါတယ်၊
မြန်မာတပ်ကြီး မိုးကောင်းနယ်သို့ ရောက်တဲ့ အခါ တရုတ်တို့ဟာ
ရာဝတီ မြစ်ဘက်သို့ ပြန်၍လှည့်ကြပါတယ်၊
ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ
စစ်တပ်နဲ့ ပေါင်းမိခဲ့ပါတယ်၊
ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့်တဖန် ၏
ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်၊
သို့သော် ဗန်းမော်ဟာ မြန်မာတို့ အဖို့ အရေးပါ အားထားသော
စခန်းဌာန မဟုတ်ခဲ့ပါ၊
ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော
ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင်
စခန်းတွင် တည်ဆောက်ခဲ့ပြီးစစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို
လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို
လှေတပ်ဖြင့် ဝိုင်းကြပါတယ်၊
အဲဒီနောက် တရုတ်တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော
မြန်မာတွေရဲ့ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့်
ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်၊
မြန်မာ စစ်မှူး စစ်ကဲတို့ဟာ ယခင်အတိုင်း တရုတ် ရိက္ခာထောက်
စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီး
တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်...
ကောင်းတုံကို မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း
တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို
ခံကြရပါတယ်..
မြန်မာ့ရေတပ်ကိုလည်း တရုတ်ရေတပ်ဟာ မမှီခဲ့ပါဘူး၊
ထို့နောက် ရွှေညောင်ပင်တရုတ်ခံတပ်ကို မြန်မာတို့အပြင်းအထန်
ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသွားတဲ့အခါ
တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသောတပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ်၊
မြန်မာတို့၏ ခံတပ် အခြေမှာ တရုတ်စစ်တပ်ဟာ အတုံးအရုံး
စုပုံ ကျဆုံးကြပါတယ်၊
တရုတ်တို့ရဲ့ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက
ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက်တရုတ်ဘုရင်ဟာ စစ်ပြေငြိမ်းဖို့ကမ်းလှမ်းခဲ့ပါတယ်၊
----------------------------------
(၂)
ထူးခြားတာတစ်ခုကို တွေ့ရပါတယ်...
တရုတ်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတာကို ....
ဗိုလ်ချုပ် မဟာသီဟသူရဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ်၊
ဆင်ဖြူရှင်ဘုရင်ရဲက အမိန့်ကို မခံယူတော့ဘဲ လက်ခံမိခဲ့တာပါ၊
တရုတ်တွေကမ်းလှမ်းလာတဲ့လက်ဆောင်ပဏ္ဍာတွေကို
ဆင်ဖြူရှင်ဆီကို ပို့ပေးခဲ့ကြပါတယ်၊
အဲဒီ သတင်းကိုကြားတာနဲ့ ဆင်ဖြူရှင်မင်းဟာ
အမျက်တော်ရှသွားပါတယ်...
ပြီးတော့ တရုတ်ဆီကနေရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး..
လက်ဆောင်ပဏ္ဍာတွေကို အဲဒီ မဟာသီဟသူရစစ်တပ်ကြီးက
အကြီးအကဲဗိုလ်မှူး တပ်မှူးတို့ရဲ့ဇနီးနဲ့ မိသားစုတွေကိုရွက်စေပြီး
သုံးရက်တိုင်တိုင် နေလှန်းခဲ့တယ်လို့....ရာဇ၀င်မှာဖေါ်ပြခဲ့ပါတယ်၊
အဲဒီလိုတရုတ်ကို ရွပ်ရွတ်ချွံချွံ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့တဲ့
သူရဲကောင်းတွေကိုတောင် စစ်ပြေငြိမ်းရေးလက်ခံပြီး လက်ဆောင်ပဏ္ဍာယူတာနဲ့
ဆင်ဖြူရှင်ဘုရင်က ဒဏ်ခတ်ခဲ့တယ်ဆိုရင်..
အခုလိုတရုတ်ကိုတိုင်းပြည်
ထိုးအပ်နေတဲ့မန်မာစစ်ဗိုလ်ချုပ်တွေကိုဆိုရင်..
ဆင်ဖြူရှင်ဟာ အနည်းဆုံး သေဒဏ် ပေးနိုင်ပါတယ်၊
-------------------------------------------
(၃)
နောက်တစ်ခုက အဲဒီလောက်အထိ ကမ္ဘာ့သမိုင်းမှာ
ထင်ရှားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲကြီးတွေကို..
ဦးသန်းရွှေလက်ထက်မှာ သိသာထင်ရှားစွာ ဖေါ်ထုတ်ခြင်း
မရှိတာကိုလဲ လေ့လာမိပါတယ်၊
ပြီးတော့ စစ်ထွက်တွေ နဲ့ လော်ဘီတွေကလဲ...
ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ တရုတ်မြန်မာစစ်ပွဲတွေနဲ့ပတ်သက်ပြီး
အကျယ်တ၀င့်သုံးသပ်ခြင်းမျိုးတွေ
မရှိတာကလဲ ထူးခြားပါတယ်..၊
ပိုဆိုးတာက....
မြန်မာတရုပ်စစ်ပွဲ (၄) ကြိမ်စလုံးမှာ...
မြန်မာတပ်တွေဟာ...
ဧရာဝတီဆိုတဲ့ မြစ်ကြီးကို...
အသုံးချပြီး...ခံတပ်တွေဆောက်၊
ရေတပ်တွေထုတ်ပြီး..
တရုတ်တွေကို ခုခံအောင်မြင်ခဲ့သလို..
တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့..
မြန်မာနိုင်ငံ ကချင်ဒေသနဲ့ ..
ရှမ်းပြည်နယ်အရှေ့ပိုင်းက..
သစ်တောကြီးတွေကို အသုံးချပြီး..
တရုတ်ပြည်ရဲ့ စစ်တပ်ကြီးတွေကို...
ထိထိရောက်ရောက် ချေမှုန်းခဲ့တာဖြစ်ပါတယ်..
အဲဒီတော့..
မေးစရာဖြစ်လာတာက..
အဲဒီဧရာဝတီမြစ်ကြီး နဲ့...အဲဒီသစ်တောကြီးတွေကို...
တရုတ်က....အခု...
ဘာလုပ်နေပါသလဲ..?
ဘာလုပ်ဖို့ကြိုးစားနေပါသလဲ ? ဆိုတာကိုပါ၊
ဒါဟာ တရုတ်က အရင်တုန်းက ရှုံးနိမ့်ခဲ့ရတာတွေအတွက်
အခုခေတ်မှာ ရာဇ၀င်ကြွေးပြန်ဆပ်နေတယ်ဆိုတဲ့သဘောလို့..
ယူဆစရာတောင်ရှိပါတယ်၊
တရုတ်ဟာ သူတို့တွေ ပိုးစိုးပက်စက်ရှုံးနိမ့်ခဲ့တဲ့ ရာဇ၀င်ကြွေးကို
ပြန်ဆပ်ချင်တဲ့အတွက်....မြန်မာပြည်ကို ပညာပါပါနဲ့ ၀ါးမြိုပြီး..
မြန်မာနိုင်ငံမြောက်ဖျားက ရေမြေတောတောင်တွေ
နဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်တာလား..ဆိုတာကို..
အမျိုးကို ချစ်ပါတယ်...ဆိုပြီး..
စစ်ရေးအမြင်ရှိပါတယ်ဆိုပြီး...
ဘာမှနကန်းတစ်လုံးမှမသိတဲ့...
သောက်ကြီးသောက်ကျယ်ပြောနေတဲ့
နလပိန်းတုန်း လဒူတွေအနေနဲ့
စဉ်းစားကြစေလိုပါတယ်...၊
( Pa Yit)

Credit by- https://www.facebook.com/photo.php?fbid=1537157966570524&set=a.1386063395013316.1073741828.100008290060866&type=1

12/17/14

အံ့မခန်း ကြက်ဥ မြို့တော်



အံ့မခန်း ကြက်ဥ မြို့တော်
အလွန်ပင် တော်တဲ့ ပညာရှင်ပါ။ အထိအခိုက် မခံတဲ့ ကြက်ဥတွေကို မြို့တော်ပုံ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
Netherland နိုင်ငံမှ Groninger Museum ဆိုတဲ့ ပြပွဲမှာ ပြသသွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကြက်ဥပေါင်း ၅၀၀၀ ကျော်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
၎င်းမြို့တော်၏ ပုံကတော့ တရုတ်နိုင်ငံ၏ ရှေးမြို့ရိုးပုံ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုမြို့၏ အကျယ်ကတော့ 6m x 4m အကျယ်ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှ လူငယ်တစ်ဦး ပြုလုပ်ခဲ့တဲ့ အံ့မခန်း ကြက်ဥ မြို့တော် ကတော့ ကျော်ကြားခဲ့ကြောင်း သိရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

လက်ထပ်ခွင့်တောင်းရန် အသုံးပြုသည့် ကရိန်းက ဘေးအိမ်အမိုးပေါ်ပြိုကျ


လက်ထပ်ခွင့်တောင်းရန် အသုံးပြုသည့် ကရိန်းက ဘေးအိမ်အမိုးပေါ်ပြိုကျ
=================================================
အမ်စတာဒမ်၊ ဒီဇင်ဘာ ၁၄
စတန့်အထွင်ကောင်းသော နယ်သာလန်မှ သတို့သားလောင်းတစ် ဦးသည် သူ၏စိတ်ကူးအသစ်ကြောင့် အိမ်ဖျက်သူတစ်ယောက် ဖြစ်သွား ကြောင်း AFP သတင်းအရ သိရ သည်။
နယ်သာလန်နိုင်ငံ အီဂျက်ဆယ် စတိန်မြို့တွင် နေထိုင်သောအမျိုး သားတစ်ဦးသည် ၄င်း၏ချစ်သူမိန်း ကလေးကို လက်ထပ်ခွင့်တောင်းရန် ကရိန်းတစ်စီးကို ငှားရမ်းခဲ့သည်။
ထို ကရိန်းဖြင့် သူ၏ချစ်သူအိမ်မှ ဥယျာဉ် ခြံတွင်းသို့ နိမ့်ဆင်းလာကာ လက်ထပ် ခွင့်တောင်းရန်မှာ သူ၏စိတ်ကူးသစ် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ချစ်သူ အား အံ့အားသင့်စေရန် ရည်ရွယ် သည်။
သို့သော် သတို့သားလောင်း ၏ စိတ်ကူးမှာ အကောင်အထည် မပေါ်ခဲ့ပေ။
၎င်းအသုံးပြုသည့် ကရိန်း မှာ ကံမကောင်းစွာနှင့်ပင် နိမ့်ဆင်း နေစဉ်မှာပင် ရပ်ထားရာမှ ချော်သွား ကာ ကရိန်းသည်လည်း တစ်ဖက် သို့ စောင်းသွားခဲ့သည်။
သတို့သား လောင်းသည် အလျင်အမြန်ခုန်ရှောင် လိုက်ခြင်းကြောင့်သာ သက်သာရာ ရသွားခဲ့သည်။
သို့သော် ကရိန်းဒဏ် ကြောင့် အနီးအနားရှိ အိမ်တစ်လုံး ၏ ခေါင်းမိုးတစ်ခုလုံး ပျက်စီးသွား ခဲ့ရသည်။ ထိုမတော်တဆမှုတွင် ဒဏ် ရာရရှိသူတစ်ဦးမျှ မရှိသော်လည်း ကရိန်းဒဏ်ခံခဲ့ရသည့် အိမ်တွင်းမှ လူများ အလွန် ထိတ်လန့်ခဲ့ရသည်။
ထိုမတော်တဆမှုသည် စနေ နေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွား ခဲ့ရခြင်းဖြစ်ပြီး အိမ်ပေါ်ပိနေသည့် ကရိန်းကိုဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနေသည်ဟု ဒေ သဆိုင်ရာ အရေးပေါ်လုပ်ငန်းတာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ မမျှော်လင့်သော ဖြစ်ရပ်နှင့်ရင်ဆိုင် ခဲ့ရသော်လည်း သတို့သားလောင်း ၏ လက်ထပ်ခွင့်တောင်းခံမှုကို သူ ၏ချစ်သူက လက်ခံခဲ့သည်။
ကရိန်း ပိသောအိမ်ကို မဖြစ်မနေဖြိုချရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ပြီး ရဲ တပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် စုံတွဲသည် ပဲရစ်သို့ အပန်းဖြေရန် သွားရောက် နေပြီဟု သိရသည်။
Ref : AFP
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|
|─────----------------Yangon Media Group ----------──────-|

ကြက်ဥပေါ်က အနုပညာ



ကြက်ဥပေါ်က အနုပညာ
ကြက်ဥ၊ ဘဲဥတွေပေါ်မှာ ပန်းပု ပန်းလက်ရာနဲ့ အလှဆင်တဲ့ ပညာကို တတ်သူ ကမ္ဘာမှာ ရှားပါတယ်။ ယင်းထဲမှာ တစ်ဦးကတော့တရုတ်ပြည်က Wen Fuliang လို့ အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
သူဟာ Shaanxi ပြည်နယ်မှာ နေထိုင်ပြီး တစ်သက်လုံး သစ်သားပန်းပုထု၊ ပန်းပညာ ဖြင့် အသက်မွေး လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ တိတ်တဆိတ် လေ့လာခဲ့တဲ့ ပညာ တစ်ခုတော့ ရှိပါတယ်။ ယင်းကတော့ ကြက်ဥ၊ ဘဲဥ တို့ ပေါ်မှာ ပန်း ပန်းပု၊ အနုပညာလက်ရာများ အလှထိုးခြင်း ဖြစ်ပါတယ်။ သူဟာ ယင်း ပညာကို တတ်မြောက်ဖို့အတွက် ၁၀ နှစ်တောင် ကြိုးစားခဲ့ရပါတယ်။ ကြက်ဥခွံ၊ ဘဲဥ အခွံတွေပေါ်မှာ ထိုးခြင်း ဖြစ်ပါတယ်။ ဒီအတွက် စိန် ထိပ်မှာ တပ်ထားတဲ့ အပ်နဲ့ လျှပ်စစ် Rotary တပ်ဆင်ထားတဲ့ သူကိုယ်တိုင် ပြုလုပ် ပန်းထိုး စက်ငယ်လေးနဲ့ ထိုးတာပါ။
သူ့ရဲ့ လက်ရာဟာ တရုတ်ပြည်မှာတင် မဟုတ်ပဲ ကမ္ဘာကျော်သွားခဲ့ပြီး အရုပ်အမျိုးမျိုး၊ ပန်းအနု လက္ခဏာ အမျိုးမျိုး ရေးထိုးထားတဲ့ ကြက်ဥ၊ ဘဲဥ ခွံများဟာ ယနေ့တိုင် အရောင်းသွက်ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎amazing_yyl‬

12/15/14

ရုပ်ရှင်တွေထဲကလို သြစတေးလျးက မြို့လယ်ခေါင်မှာ အနုကြမ်းဝင်စီး


ရုပ်ရှင်တွေထဲကလို သြစတေးလျးက မြို့လယ်ခေါင်မှာ အနုကြမ်းဝင်စီး
ရုပ်ရှင်တွေထဲမှာ မြင်တွေ့ရတဲ့ ဖြစ်ရပ်တစ်မျိုးကို သိကြမှာပါ။ လက်နက်ကိုင် တစ်ဦးဦး သို့မဟုတ် အဖွဲ့ တစ်ဖွဲ့က မြို့လယ်ခေါင် လူစည်ကားရာ နေရာက စားသောက်ဆိုင်၊ ဘဏ်နဲ့ ကုမ္ပဏီတွေကို အနုကြမ်းစီးပြီး ဓားစာခံများကို အထဲမှာ ထားထားတာမျိုး ဖြစ်ပါတယ်။ ဒါကလည်း အပြင်မှာ တကယ်ဖြစ်ဖူးလို့ ရုပ်ရှင်ထဲကို ရောက်လာတာပါ။ ယခု ယင်းဖြစ်ရပ်ဟာ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့လယ်ခေါင်က ကော်ဖီဆိုင် (Cafe) တစ်ခုမှာ ဖြစ်နေပါပြီ။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် (ယနေ့)မှာပဲ ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဆိုင်မှာ ဝန်ထမ်း ၁၀ ဦးရှိပြီး အထဲမှာ အခြား ဓားစာခံ ဘယ်နှစ်ဦးပါအုံးမလဲ ဆိုတာ မသိသေး ပါဘူး။ ခန့်မှန်းခြေကကတော့ ဆိုင်မှာ ပုံမှန်ဆိုရင် ၃၀ ဝန်းကျင်လောက် ရှိတတ်ကြောင်း ဆိုပါတယ်။ ဒီတော့ ဆိုင်ဝန်ထမ်းနဲ့ ပေါင်းလိုက်ရင် ၄၀ ကျော်လောက်တော့ ခန့်မှန်းရပါတယ်။ သေချာတော့ မသိကြသေး ပါဘူး။ လွန်ခဲ့တဲ့ ၂ နာရီ၊ ၃ နာရီ လောက်ကပဲ ၅ ဦးကို လွတ်ပေးခဲ့ပါတယ်။
အနုကြမ်းစီးထားသူများက လက်နက်ကိုင် အစွန်းရောက် အစ္စလာမ်းမစ် ဝါဒီသမားများ ဖြစ်ကြောင်း သြစတေးလျမှ ထုတ်ပြန်ထားပါတယ်။ ဆိုင်ထဲကနေလည်း အာရေဗျိယ ဘာသာနဲ့ ရေးသားထားတဲ့ အလှံကို ထောင်ထားလို့ ဖြစ်ပါတယ်။ ဆိုင် မှန်တံခါးမှာလည်း ဓားစာခံတွေနဲ့ ဝန်းရံထားကြောင့် စနိုက်ပါပစ်မှတ်လည်း ရှာမရနိုင်ပါဘူး။
သြစတေလျးဟာ အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အီရန်တို့မှာ ၎င်းတို့ရဲ့ စစ်ဆင်ရေးမှာ ၂၀၁၄ နှစ်လယ်နောင်းပိုင်းမှာ ပြင်းထန်ခဲ့ပါတယ်။ လက်ရှိ အမေရိကန်ဦးဆောင် တိုက်နေတဲ့ တိုက်ပွဲမှာလည်း တပ်သားအပြင် ဗုံးကျဲလေယာဉ်ထောက်ပံ့မှုများ ပါင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဒီတော့ စစ်မှာ တရားတာ မတရားတာထက် Side effect က ကြီးပါတယ်။ ရန်သူတို့ ခိုတဲ့ စခန်းက လူတွေနေတဲ့ ရပ်တွေ၊ ရွာတွေလည်း ဖြစ်တော့ စစ်ဆင်ရေးတိုင်မှာ အပြစ်မဲ့ မွတ်ဆလင်တွေလည်း သေရပါတယ်။ ဒါကြောင့်မို့ အပြစ်မဲ့ မွတ်ဆလင်များ ထိခိုက်ခံစားနေရမှုအတွက် မကျေနပ်မှုအား ထုတ်ဖော်ရန် အစွန်းရောက် အဖွဲ့တစ်ခုက သြစတေးလျမှာ ယခုလို အနုကြမ်းစီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုပါတယ်။
ဒီတော့ ဖြစ်ရပ်မှာ နိုင်ငံရေး အကွက်ရွှေ့သူများကြား အပြစ်မဲ့ လူများ စတေးခံနေရခြင်း ဖြစ်ပါတယ်။ ဆိုင်ထဲမှာ ဘယ်သူမှ အနှိပ်စက် ခံရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ သြစတေးလျ အနေနဲ့ ငြိမ်းချမ်းစွာပဲ ညှိယူဖို့ စီစဉ်ထားကြောင်း ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အတော်ဆုံး စနိုက်ပါနဲ့ ကွန်မန်ဒို တပ်သားများကို ပတ်ပတ်လည် ဝန်းရံထားပါတယ်။ အထက် လေပြင်မှာလည်း ရဟတ်ယာဉ်များနဲ့ ဝန်းရံထားပါတယ်။
ဒါကြောင့်မို့ ဖြစ်ရပ်က ဘယ်လို ဆက်မယ်ဆိုတာ စဉ်းစားစရာပါ။ သတင်း ဖြစ်ရပ်များကို လေ့လာချင်ရင် sydney siege ဆိုတဲ့ keyword နဲ့ Google search မှာ ရှာဖွေနိုင်ပါတယ်...
မှုခင်း ဖြစ်ပွားနေမှု Live ကို https://www.youtube.com/watch?v=nvzpSvyyZisမှာ ကြည့်ရှု နိုင်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎news_yyl‬
.

12/10/14

အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့

အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့ 

အမေရိကန်မှ Paul Rosolie လို့အမည်ရတဲ့ Discover channel မှ တင်ဆက်သူဟာ အစိမ်းလိုက် မြွှေအမြိုခံမယ်လို့ ပြောပြီး စတန့်ပြကွက် ပြုလုပ်ရာ လက်နဲ့ ခေါင်း အနည်းငယ် ပါရုံမျှ ရှိချိန် ပြန်လည် ရုန်းထွက် အဆုံးသတ်ခဲ့ ပါတယ်။ 

ယင်းမှာတင်ကို တစ်နာရီခွဲ ကြာသွားပြီး ကြည့်ရှုသူများကို စိတ်ပျက်စေခဲ့ ပါတယ်။ တောင်အမေရိက နိုင်ငံမှာ ပေါက်ဖွားတဲ့ အနာဂွန်ဒါ ဧရာမ မြွှေကြီး မြိုတာကို သံချပ်ကာ ဝတ်စုံ ဝတ်လို့ အစိမ်းလိုက် ခံဖို့ စီစဉ်ခဲ့ ပါတယ်။ ဒီအတွက် ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားသူ များပြားခဲ့ပြီး အနာကွန်ဒါမြွှေ များရဲ့ အလေ့အထကို ကမ္ဘာက သိစေရန် ဖြစ်ကြောင်း ဆိုခဲ့ ပါတယ်။ ဒါပေမယ့် ယင်း လုပ်ဆောင်ချက် ပြုလုပ်တဲ့ အချိန် တစ်နာရီခွဲ အတွင်းမှာပဲ ရုန်းထွက်ခဲ့ ပါတယ်။ သူ့အနေနဲ့ ဒါဟာ အနာကွန်ဒါမြွှေများရဲ့ အလေ့အထကို လေ့လာ သိရှိအောင်လို့ ဆိုပေမယ့် သူ့ရဲ့ ကြောက်ရွှံ့ပြီး ရုန်းတဲ့ လုပ်ရပ်ကြောင့် အများ ကဲ့ရဲ့ခဲ့ပါတယ်။

သူ့ရဲ့ လက်မောင်းတစ်ဖက် အညစ်ခံရပြီး ကျိုးသွားပြီလို့ သူခံစားရပါတယ်။ ခေါင်းကို အနည်းငယ်မျှသာ မြိုထားစဉ် သူ့အနေနဲ့ ပိုမို ကြောက်ရွှံ့လာပြီး သူပြုလုပ်တဲ့ စတန့်ကို ရပ်တပ်ပြီး လာကယ်ဖို့ အော်ခေါ်ခဲ့ ပါတယ်။ သူ့လက်မောင်းမှာ သံချပ်ကာ အဝတ်ရဲ့ အရာများ ကျန်ရှိခဲ့ ပါတယ်။ သိလိုက်ရတာကတော့ သံချပ်ကာ အဝတ်လည်း အနာကွန်ဒါမြွှေရဲ့ အားနဲ့ ညစ်ဖြတ်ရင် လွယ်တကူ ကြုံ့နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ဘယ်လောက်ထူတဲ့ သံပြားလိုမယ်ဆိုတာ မသိသေး ပါဘူး။ ကျွဲ၊ နွား၊ မိကျောင်းတွေကိုတောင် အရိုးချေနိုင်တဲ့ မြွှေမို့လို့ ဖြစ်ပါတယ်။ ကယ်ဆယ်သူများ ကယ်ဆယ်ပြီးနောက် သူ့ရဲ့ စတန့်ပြကွက်ဟာ ကမ္ဘာတစ်လွှားက ကြည့်ရှုသူတွေကို စိတ်သာ ပျက်စေခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#news_yyl

ပြန်လည်ဖွင့်လှစ်လိုက်သည့် ရန်ကုန်တက္ကသိုလ် သီရိဆောင်တွင် တရုတ်ကျောင်းသူ ၃၇ ဦးနှင့် ဂျပန်ကျောင်းသူ ၂ ဦး နေထိုင်ခွင့်ရရှိ



ပြန်လည်ဖွင့်လှစ်လိုက်သည့် ရန်ကုန်တက္ကသိုလ် သီရိဆောင်တွင် တရုတ်ကျောင်းသူ ၃၇ ဦးနှင့် ဂျပန်ကျောင်းသူ ၂ ဦး နေထိုင်ခွင့်ရရှိ
======================================================
ရန်ကုန်၊ ဒီဇင်ဘာ ၉- ယခုပညာ သင်နှစ်တွင် ပြန်လည်ဖွင့်လှစ်လိုက် သည့် ရန်ကုန်တက္ကသိုလ်သီရိဆောင် ၌ နိုင်ငံခြားတက္ကသိုလ် မှ ကျောင်းသူ များကို ပါ နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်၏ မိန်းက လေးအဆောင်များထဲမှ တစ်ခုဖြစ် သည့် သီရိဆောင်ကို ဒီဇင်ဘာ ၈ရက် က ကျောင်းသူများနေထိုင်ရန် ဖွင့်ပွဲ အခမ်းအနားကျင်းပပြီး ပြန်လည်ဖွင့် လှစ်ပေးခဲ့ရာ မေဂျာစုံ၊ အတန်းစုံ မှ ကျောင်းသူများ နေထိုင်ခွင့်ရကြ ကြောင်း၊ ယင်းကျောင်းသူ များထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျောင်း သူ ၃ရဦးနှင့် ဂျပန်နိုင်ငံမှ ကျောင်း သူ နှစ်ဦးတို့ပါ နေထိုင်ခွင့်ရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သီရိ ဆောင်၏အဆောင်မှူးဖြစ်သူ ဒေါက် တာဒေါ်အေးအေး သန့်က ''နိုင်ငံခြား ကျောင်းသူ ၃၉ဦးအနေနဲ့ ဒီမှာ အ ဆောင်နေ တဲ့အခါ အဆောင်ရဲ့စည်း ကမ်းအတိုင်း မြန်မာကျောင်းသူတွေ နည်းတူ လိုက်နာရမှာဖြစ်ပါတယ်။ စာသင်ကြားတဲ့အခါ သူတို့အတွက် သီးသန့်အတန်းတစ်တန်းထားပေးပါ တယ်။ သူတို့ပြန်သွားတဲ့အခါ သူတို့ရဲ့ အခြေအနေတွေကိုစိစစ်ပြီး Credit ပေးလိုက်မှာပါ။ ရန်ကုန်တက္ကသိုလ် ဟာ နိုင်ငံခြားတက္ကသိုလ် ၁၆ခုနဲ့ MoU ရေးထိုးထားတာဖြစ်တဲ့အ တွက် MoU အရ တက္ကသိုလ်ချင်း ပညာရပ်တွေ ဖလှယ်မယ်။ သုတေ သနလုပ်ငန်းတွေဖလှယ်ပြီး Student Exchange တွေလဲ လုပ်ပါတယ်။ အခုလဲ အဲဒီအစီအစဉ်နဲ့ သူတို့က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဘာ သာရပ်ကို လာရောက်သင်နေကြ ခြင်းဖြစ် ပါတယ်''ဟု ပြောသည်။

အဆိုပါကျောင်းသူများသည် မိမိတို့နိုင်ငံရှိ နိုင်ငံခြားဘာသာတက္က သိုလ်၌ မြန် မာ ဘာသာရပ်ကို သင် ကြားနေကြပြီး တက္ကသိုလ်ချင်း ရေး ထိုးထားသောMoU အရ ကျောင်း သားချင်းဖလှယ်၍ မြန်မာစာဘာ သာရပ်၏ တတိယစာသင်နှစ်ကို ရန်ကုန်တက္ကသိုလ်၌ လာရောက်သင် ကြားနေကြ ခင်းဖြစ်ကြောင်း သိရ သည်။

''ကျွန်မ သီရိဆောင်မှာ နေခွင့် ရတာ ခြောက်ရက်လောက်ပဲရှိပါသေး တယ်။ အဆောင်မှာနေရတာ အဆင် ပြေပါတယ်။ မြန်မာပြည် ကိုကြိုက် လို့ မြန်မာစာ ကိုလာသင်တာပါ''ဟု ဂျပန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ မြန်မာ ဘာသာရပ် ကို သင်ကြားနေသည့် တတိယနှစ်ကျောင်းသူ မစ္စအာအိ ခတာခဲအိုချိ က ပြောသည်။

ယခုပညာသင်နှစ်တွင် ပြန်လည် ဖွင့် လှစ်လိုက်သည့် ရန်ကုန်တက္က သိုလ် သီရိဆောင်တွင် မြန်မာစာ ဘာသာရပ်ကိုလေ့လာနေသူ တရုတ် နှင့် ဂျပန်နိုင်ငံမှ ကျောင်းသူများအ ပါအဝင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်ပေါင်း စုံမှ ပထမနှစ်၊ ဒုတိယနှစ်၊ မဟာ တန်း၊ ပါရဂူကြိုတန်း၌ သင်ကြားနေ သည့် ကျောင်းသူ စုစုပေါင်း ၁၃၂ဦး ကို နေထိုင်ခွင့်ပြုထားကြောင်း သိရ သည်။

CCT
#Democracytoday

Photo: ပြန်လည်ဖွင့်လှစ်လိုက်သည့်   ရန်ကုန်တက္ကသိုလ်   သီရိဆောင်တွင် တရုတ်ကျောင်းသူ   ၃၇   ဦးနှင့်   ဂျပန်ကျောင်းသူ   ၂   ဦး   နေထိုင်ခွင့်ရရှိ
======================================================
ရန်ကုန်၊ ဒီဇင်ဘာ ၉- ယခုပညာ သင်နှစ်တွင် ပြန်လည်ဖွင့်လှစ်လိုက် သည့် ရန်ကုန်တက္ကသိုလ်သီရိဆောင် ၌ နိုင်ငံခြားတက္ကသိုလ် မှ ကျောင်းသူ များကို ပါ နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်၏ မိန်းက လေးအဆောင်များထဲမှ တစ်ခုဖြစ် သည့် သီရိဆောင်ကို ဒီဇင်ဘာ ၈ရက် က ကျောင်းသူများနေထိုင်ရန် ဖွင့်ပွဲ အခမ်းအနားကျင်းပပြီး ပြန်လည်ဖွင့် လှစ်ပေးခဲ့ရာ မေဂျာစုံ၊ အတန်းစုံ မှ ကျောင်းသူများ နေထိုင်ခွင့်ရကြ ကြောင်း၊ ယင်းကျောင်းသူ များထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျောင်း သူ ၃ရဦးနှင့် ဂျပန်နိုင်ငံမှ ကျောင်း သူ နှစ်ဦးတို့ပါ နေထိုင်ခွင့်ရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သီရိ ဆောင်၏အဆောင်မှူးဖြစ်သူ ဒေါက် တာဒေါ်အေးအေး သန့်က ''နိုင်ငံခြား ကျောင်းသူ ၃၉ဦးအနေနဲ့ ဒီမှာ အ ဆောင်နေ တဲ့အခါ အဆောင်ရဲ့စည်း ကမ်းအတိုင်း မြန်မာကျောင်းသူတွေ နည်းတူ လိုက်နာရမှာဖြစ်ပါတယ်။ စာသင်ကြားတဲ့အခါ သူတို့အတွက် သီးသန့်အတန်းတစ်တန်းထားပေးပါ တယ်။ သူတို့ပြန်သွားတဲ့အခါ သူတို့ရဲ့ အခြေအနေတွေကိုစိစစ်ပြီး Credit  ပေးလိုက်မှာပါ။ ရန်ကုန်တက္ကသိုလ် ဟာ နိုင်ငံခြားတက္ကသိုလ် ၁၆ခုနဲ့ MoU  ရေးထိုးထားတာဖြစ်တဲ့အ တွက် MoU  အရ တက္ကသိုလ်ချင်း ပညာရပ်တွေ ဖလှယ်မယ်။ သုတေ သနလုပ်ငန်းတွေဖလှယ်ပြီး Student Exchange  တွေလဲ လုပ်ပါတယ်။ အခုလဲ အဲဒီအစီအစဉ်နဲ့ သူတို့က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဘာ သာရပ်ကို လာရောက်သင်နေကြ ခြင်းဖြစ် ပါတယ်''ဟု ပြောသည်။

အဆိုပါကျောင်းသူများသည် မိမိတို့နိုင်ငံရှိ နိုင်ငံခြားဘာသာတက္က သိုလ်၌ မြန် မာ ဘာသာရပ်ကို သင် ကြားနေကြပြီး တက္ကသိုလ်ချင်း ရေး ထိုးထားသောMoU အရ ကျောင်း သားချင်းဖလှယ်၍ မြန်မာစာဘာ သာရပ်၏ တတိယစာသင်နှစ်ကို ရန်ကုန်တက္ကသိုလ်၌ လာရောက်သင် ကြားနေကြ ခင်းဖြစ်ကြောင်း သိရ သည်။

''ကျွန်မ သီရိဆောင်မှာ နေခွင့် ရတာ ခြောက်ရက်လောက်ပဲရှိပါသေး တယ်။ အဆောင်မှာနေရတာ အဆင် ပြေပါတယ်။ မြန်မာပြည် ကိုကြိုက် လို့ မြန်မာစာ ကိုလာသင်တာပါ''ဟု ဂျပန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ မြန်မာ ဘာသာရပ် ကို သင်ကြားနေသည့် တတိယနှစ်ကျောင်းသူ မစ္စအာအိ ခတာခဲအိုချိ က ပြောသည်။

ယခုပညာသင်နှစ်တွင် ပြန်လည် ဖွင့် လှစ်လိုက်သည့် ရန်ကုန်တက္က သိုလ် သီရိဆောင်တွင် မြန်မာစာ ဘာသာရပ်ကိုလေ့လာနေသူ တရုတ် နှင့် ဂျပန်နိုင်ငံမှ ကျောင်းသူများအ ပါအဝင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်ပေါင်း စုံမှ ပထမနှစ်၊ ဒုတိယနှစ်၊ မဟာ တန်း၊ ပါရဂူကြိုတန်း၌ သင်ကြားနေ သည့် ကျောင်းသူ စုစုပေါင်း ၁၃၂ဦး  ကို နေထိုင်ခွင့်ပြုထားကြောင်း သိရ သည်။

CCT
#Democracytoday

10/18/14

Viber Sticker Enabler v5.0 Version


ဝယ်ရတဲ့ Viber Sticker တွေကိုအခမဲ့ရယူချင်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ' Viber Sticker Enabler ' version အသစ် 5.0 လေးပါ  Viber Sticker Enabler v5.0 လေးဟာ ၀ယ်ယူသုံးစွဲရမယ့် Sticker ပေါင်း ၅၆ ခုကိုထည့်သွင်းပေးထားပါတယ်။ Viber Sticker Enabler v5.0 ကိုသုံးစွဲရန် ဖုန်းကိုRoot လုပ်ထားရပါမယ်။ ကြိုက်နှစ်သက်မယ်ဆိုရင် အောက်ကလင့်ကနေဒေါင်းလော့ဆွဲယူနိုင်ပါတယ်။



https://app.box.com/s/i4d9ag0lwzskh6hck103

9/25/14

ထိုင်းနံမည်ကြီး သတင်းလေးပါ..



ထိုင်းနံမည်ကြီး သတင်းလေးပါ..
သနားစရာကောင်းတဲ့ မိသားစုမှ ဂုဏ်ယူဖွယ် သားငယ်လေးအကြောင်းပါ..
ပုံမှာမြင်ရတဲ့ အင်းကျီပြာဝတ် ကလေးငယ်လေးဟာ ကျောင်းနေပါတယ်..
နေ့စဉ် နေ့လည်ပိုင်း ထမင်းစားချိန်တွေမှာ ကျောင်းကနေ ပျောက်ပျောက်သွားတတ်ပါတယ်..
ဒီလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကျောင်းကဆရာတွေ သတိပြုမိလာပါတယ်..
ဒီကလေး နေ့လည်ထမင်းစားချိန် တခြားကလေးတွေ ကျောင်းမှာရှိလျက်နဲ့ ဘယ်သွားနေလဲပေါ့..
တနေ့မှာ ဆရာတွေ သူ့နောက်ကို နောက်ယောင်ခံလိုက်သွားပါတယ်..
တွေ့လိုက်ရတဲ့ မြင်ကွင်းအဖြစ်အပျက်တွေဟာ တွေ့သူရော/ကြားရသူအတွက်ပါ စိတ်မကောင်းများစွာ ဖြစ်စေပါတယ်..
အိမ်က လမ်းမလျှောက်နိုင်တဲ့ မိဘ၂ပါးနဲ့ ညီငယ်(ပုံတွင်အင်းကျီဝါရောင်) တို့အတွက် စားဖို့ရန်နဲ့ အိမ်မှုကိစ္စတွေကို ရတဲ့အချိန်လေးမှာ ပြန်လုပ်ပေးနေတာပါ..
ဒီအချိန်လေးမှာ ကြက်ဥလေးကို အမြန်ကြော်၊ အ၀တ်လျှော်၊ ဟိုလုပ်ဒီလုပ်ပေါ့..
ဒီနောက်ပိုင်းမှာတော့ ဒီအကြောင်းအရာကို လူတိုင်းသိလို့...
အကူအညီပေးချင်သူတွေနဲ့ ကလေးလေးရဲ့မိသားစု ပျော်ရွှင်ချိန် ရောက်လို့လာပါပြီ....။
( ရဲမြင့်ဦး )

https://www.facebook.com/photo.php?fbid=850735648280764&set=pcb.850746801612982&type=1

9/20/14

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်များအတွင်းရေ၀င်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ


တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်များအတွင်းရေ၀င်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေမြင့်တက်ကာ မိုးရေနှင့်တောင်ကျ ချောင်းရေများ စီးဝင်မှုကြောင့် ပုန်းထွန်ရပ်ကွက်ရှိ အိမ်ခြေ(၅၂၇)လုံး၊ အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ (၁၅၂၁)ဦး၊ တာလော့ရပ်ကွက်ရှိ အိမ်ခြေ(၁၅၄)လုံး၊ အိမ်ထောင်စု(၁၈၀)စု၊ လူဦးရေ(၆၇၅)ဦး၊ မကာဟိုခမ်းရပ်ကွက်ရှိ အိမ်ခြေ(၁၀၃)လုံး၊ အိမ်ထောင်စု(၁၁၅)စု၊ လူဦးရေ(၂၈၉)ဦး၊ မယ်ခေါင် ရပ်ကွက်ရှိ အိမ်ခြေ(၁၁၄)လုံး၊ အိမ်ထောင်စု(၂၂၂)စု၊ လူဦးရေ(၉၂၉)ဦး၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အိမ်ခြေ(၁၂၀)လုံး၊ အိမ်ထောင်စု(၁၄၂)စု၊ လူဦးရေ(၃၈၂)ဦး၊ ၀ိန်းကျောက်ရပ်ကွက်ရှိ အိမ်ခြေ(၁၂၁)လုံး၊ အိမ်ထောင်စု(၁၂၁)စု၊ လူဦးရေ(၄၉၃)ဦး၊ ရန်အောင်မြေရပ်ကွက်ရှိ အိမ်ခြေ(၉၅)လုံး၊ အိမ်ထောင်စု (၉၅)စု၊ လူဦးရေ(၃၂၆)ဦး၊ စုစုပေါင်းအိမ်ခြေ(၁၂၃၄)လုံး၊ အိမ်ထောင်စု(၁၂၀၀)စု၊ လူဦးရေ(၄၆၁၅)ဦးတို့ နေထိုင်ရာနေရာများသို့ ရေအမြင့် ၃ ပေမှ ၁၀ ပေခန့်ထိဝင်ရောက်လျက်ရှိသည်။ ရေ၀င်ရောက်သည့် နေရာများမှ ရေဘေးသင့်ပြည်သူများအတွက် ပုန်းထွန်ရပ်ကွက်ရှိ သီရိရတနာဂူဟာ ရှမ်းဘုန်းကြီးကျောင်း၊ တာလော့ရပ်ကွက်ရှိ တာလော့ကျောင်းတိုက်၊ မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ်္မာရုံ၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း၊ မယ်ခေါင်ရပ်ကွက်ရှိ မယ်ခေါင်ဘုန်းကြီးကျောင်းနှင့် ၀ိန်းကျောက်ရပ်ကွက်ရှိ ကော်တော့(အတွင်း)ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့သည်။ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ရေနစ်မြုပ်နေသော နေရာများတွင် လျှပ်စစ်မီးအား နံနက် ၆ အချိန်မှစ၍ ဖြတ်တောက်ထားပြီး အဆိုပါနေရာများတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှတပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး နံနက် ၁၁ နာရီခွဲအချိန် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပုန်းထွန်ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၁၅၂၁)တို့အား ထမင်းထုပ်များပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

https://www.facebook.com/yezarnimedia/photos/pcb.802235243162610/802235196495948/?type=1