မန္တလေး၊ မဇ္ဈိမ။ ။ ပြင်ဦးလွင်မြို့အ၀င် နန္ဒာဝန်ကွက်သစ်၌ ကျုးကျော်နေထိုင်သူများကို စစ်ဆေးအရေးယူပေးရန်အတွက် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံတင်ပြရန် စီစဉ်ထားကြောင်း ပြင်ဦးလွင်မြို့ရှိ ရွှေညီကို အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးဒိုပုန်းက မဇ္ဈိမကိုပြောသည်။
“နန္ဒာဝန် ကွက်သစ်ကိစ္စကို ပြင်ဦလွင်မြို့နယ် မြေစာရင်း၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှုးတို့ဆီမှာ တင်ပြပါတယ်။ ဘာမှဆောင်ရွက်ပေးခြင်းမရှိလို့ ခုလိုတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို တင်ပြရမှာပါ။ ဘယ်တော့တင်မလဲဆိုတာတော့ အခုအချက်အလက်တွေ စုဆောင်းနေပါတယ်။ ပြည့်စုံပြီဆိုတာနဲ့ အဲဒီအကွက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖြေရှင်းမှုတွေ လုပ်ပေးဖို့တင်ပြတောင်းဆိုမှာပါ
အဆိုပါကွက်သစ်တွင် ဖြစ်ပွားလျက်ရှိသော နန္ဒာဝန်ကွက်သစ်၌ မြေပေးမိန့်နှင့် ဂရန် အတု၊အစစ် ခွဲခြားပေးရေး၊ မြေနေရာပြသပေးနိုင်ရေး၊ ကျုးကျော်နေထိုင်သူများကို ဖယ်ရှားပေးနိုင်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
“မြေစာရင်းကလည်း မြေလိုက်မတိုင်းပေးဘူး၊ မြေပုံလည်း ဆွဲမပေးထားတော့ ကိုယ့်မြေကွက်ချထားပေးတဲ့ နေရာကို မသိရတော့ ကျုးကျော်ပြီး နေတဲ့သူတွေကိုလည်း တရားစွဲဖို့ခက်နေတယ်” ဟု နန္ဒာဝန်ကွက်သစ်တွင် မြေကွက်ရရှိထားသည့် အငြိမ်းစားဝန်ထမ်း ဦးဇော်လင်းက ပြောသည်။
နန္ဒာဝန်ကွက်သစ်ရှိ မြေကွက်များကို ဒေသခံအချို့ကလည်း မြေကွက်၏ စာရွက်စာတမ်း အထောက်အထား ခိုင်လုံမှုမရှိဘဲ ဈေးသက်သက်သာသာဖြင့် လက်ဆင့်ကမ်း၊ လက်လွှဲရောင်းချမှုများရှိနေပြီး စာရွက်စာတမ်း လိမ်လည်ကာ ဂရန်အတုများဖြင့် ရောင်းချနေသော အကွက်ပေါင်း ငါးရာခန့် ရှိသည်ဟု ကြားသိရကြောင်း ပြင်ဦးလွင်မြို့ရှိ ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမ
“ကိုယ့်မြေကွက်ဘယ်နေရာလဲလို့ သွားကြည့်တာတောင် ကျုးတွေက ရိုက်မယ့်သဘောရှိတယ်၊ ရပ်ကွက်က တာဝန် ရှိတဲ့သူကလည်း သိတယ်၊ ဒါပေမဲ့ ဘာမှမပြောဘူး၊ မြေကွက်ချပေးထားကလဲ စလစ်လေးပဲ ချပေးတာ၊ အခုခေတ်လို GP(General Power)တွေ၊ SP(Special Power)တွေလည်း မရှိတော့ ရှင်းရခက်တယ်။ ဂရန်လည်းလုပ်မပေးဘူး၊ သက်တမ်းလည်းတိုးမပေးဘူး၊ ကိုယ်ပိုင်ရှိတဲ့သူလည်း သွားနေလို့မရဘူး၊ အဲတော့
တာဝန်ရှိတဲ့သူတွေက အမြန်ဆုံးလာရှင်းပေးရင်တော့ ကောင်းတာပေါ့” ဟုပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေ၀ယ်ရောင်း ကိုစိုးသန့်က ပြောသည်။
အဆိုပါကွက်သစ်များသည် ၁၉၉၀ - ၉၁ ခုနှစ်က ပြင်ဦးလွင်မြို့အ၀င်ရှိ မြေဧက ၉၀၀ ကျော်တွင် နန္ဒာဝန်ကွက်သစ် ဖော်ကာ စစ်ဘက်၊ နယ်ဘက်မှ အမှုထမ်းများအတွက် အကွက်ပေါင်း ၃၅၀၀ကျော်ကို ချထားပေးခဲ့ခြင်းဖြစ်သည်။ ချထား ပေးစဉ်က ကြေးတိုင်နှင့် မြေစာရင်းဌာနမှ မြေလိုက်လံတိုင်းပေးခြင်း၊ မြေပုံဆွဲပေးခြင်းများ မပြုလုပ်ခဲ့ခြင်းနှင့် နန္ဒာဝန်ကွက်သစ်၌ မြေကွက်ရရှိသူအများစုမှာ ၀န်ထမ်းများဖြစ်သောကြောင့် မိမိတို့ရရှိသောမြေနေရာတွင် ခြံဝန်းခတ်ခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်း၊ လူနေထိုင်ခြင်းများ မရှိခဲ့ပေ။
၂၀၁၁ခုနှစ်မှအစပြု၍ နန္ဒာဝန်ကွက်သစ်၌ အခြားနယ်မြို့များမှ ပြင်ဦးလွင်သို့ အလုပ်လုပ်ကိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသူ အများစုက ပိုင်ရှင်မဲ့ မြေကွက်များဟု ယူဆပြီး ထိုကွက်သစ်တွင် ၀င်ရောက် အခြေချ နေထိုင်နေကြသည်မှာ လက်ရှိအချိန်တွင် လူဦးရေသုံးထောင်နီးပါး ရှိသည်ဟု အဆိုပါကွက်သစ်တွင် မြေနေရာချထားပေးခြင်းခံရသော အငြိမ်းစား ၀န်ထမ်းတစ်ဦးဖြစ်သူ ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင် ဦးဒိုပုန်းက ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment
Note: Only a member of this blog may post a comment.