ရထားနှင့်သုံးဘီးဆိုင်ကယ်တိုက်မိ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
ရထားနှင့်သုံးဘီးဆိုင်ကယ်တိုက်မိ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရနေပြည်တော်၊ ဇန်န၀ါရီလ ၁၈၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပြည်ဝင်ဘူတာနှင့်ပျဉ်းမနားဘူတာအကြား၊ မိုင်တိုင်အမှတ်(၂၁၉/၁၃-၁၄)ကြားတွင် လယ်ဝေးမြို့နယ်၊ ၀ဲကြီးကုန်းကျေးရွာနေ ရဲဇော်လင်း(၂၀)နှစ်မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်သည် သံလမ်းအရှေ့ဘက်မှ ရထားသံလမ်းအားဖြတ်ကူးစဉ် စက်ရပ်သွားသွားခဲ့သဖြင့် ထိုအချိန်မောင်းနှင်လာသည့် ရန်ကုန်-နေပြည်တော်အမှတ်(၇)အဆန်ရထားနှင့်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိသဖြင့် ရဲဇော်လင်းမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီးယာဉ်ပေါ်လိုက်ပါလာသော လယ်ဝေး မြို့နယ်၊ ၀ဲကြီးကုန်းရွာနေ နေကိုအောင်(၂၈)နှစ်တွင် ၀ဲနားထင်သွေးထွက်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် အေလာဆေးရုံသို့တင်ပို့ကုသကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲဇော်လင်းအား အေလာနယ်မြေရဲစခန်း(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Credit By - ကြေးမုံသတင်းစာ
No comments:
Post a Comment
Note: Only a member of this blog may post a comment.