သတင်းနှင့်နည်းပညာများ

1/18/14

(၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ပြေးခုန်ပစ်နှင့် ရေကူးအားကစား နည်းများမှ ရွှေတံဆိပ် ရှစ်ခုအထိရယူနိုင်ခဲ့သည့် မြန်မာအား ကစားအဖွဲ့အနေဖြင့် ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရွှေတံဆိပ် လေးခုထပ်မံရရှိခဲ့သည်။


(၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့တွင်
ပြေးခုန်ပစ်နှင့် ရေကူးအားကစား နည်းများမှ
ရွှေတံဆိပ် ရှစ်ခုအထိရယူနိုင်ခဲ့သည့် မြန်မာအား ကစားအဖွဲ့အနေဖြင့်

ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရွှေတံဆိပ် လေးခုထပ်မံရရှိခဲ့သည်။

မြန်မာမသန်စွမ်း အားကစားအဖွဲ့အတွက် ရွှေတံဆိပ်လေးခုတွင် ပထမနေ့က ရွှေတံဆိပ် ခြောက်ခုအထိ ရယူနိုင်ခဲ့သည့်
ရေကူးအားကစားနည်းက တစ်ခုသာရယူ နိုင်ခဲ့ပြီး၊
ပထမနေ့ပြိုင်ပွဲများတွင် ရွှေတံဆိပ် နှစ်ခုသာရရှိခဲ့သည့်
ပြေးခုန်ပစ်အားကစားအဖွဲ့က ရွှေတံဆိပ်သုံးခုရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရေကူး အားကစားသမား အောင်မြင့်မြတ် က အလွတ်တန်းမီတာ ၂၀၀
ရေကူးပြိုင်ပွဲတွင် အာဆီယံစံချိန်ချိုးကာ ရွှေတံဆိပ်ဆုကြီးကို ရယူနိုင်ခဲ့သည်။

'.. ကျွန်တော်အလွန် ပျော်ပါတယ်။

ကျွန်တော်တို့ ဒီမသန်စွမ်းတွေ ပထမဆုံး အကြိမ်ပြိုင်ပွဲ မှာ
ရွှေတံဆိပ် ရရှိခဲ့တဲ့အတွက်နိုင်ငံ့ဂုဏ်ကိုဆောင်ပြီး ဖော်မပြတတ်အောင်ပဲ ဝမ်းသာမိပါတယ်။
ကျွန်တော်တို့ လေ့ကျင့်ချိန်အနေနဲ့ကတော့ ရှစ်လလောက် ရရှိခဲ့ပါ တယ်။ ဆရာဦးမြခိုင် ခေါင်းဆောင်ပြီး မြောက်ဒဂုံမှာလေ့ကျင့်ခဲ့ရပါတယ်။

ကျွန်တော့် အနေနဲ့ နိုင်ငံတကာ အတွေ့အကြုံလည်း မရှိပါဘူး။
ယခု ခုနစ်ကြိမ်မြောက်မသန်စွမ်းပြိုင်ပွဲမှာ ပထမဦးဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အလွန်ပျော်ပါတယ်...'" ဟု
အာဆီယံစံချိန်တင် ရွှေတံဆိပ် ဆုရအားကစား သမား
အောင်မြင့်မြတ် က ပြောသည်။

ပြေးခုန်ပစ် အားကစားနည်းအတွက် ရွှေတံဆိပ်သုံးခုကို
အမျိုးသမီး လှံတံပစ်မှ မကြီး၊ အမျိုးသားလှံတံပစ်မှ အောင်ကြီးနှင့် အမျိုးသားသံပြားပစ်မှ မျိုးဆွေတို့က ဆွတ်ခူးပေးခဲ့ခြင်းဖြစ် သည်။

“..ကျွန်မ ပြောမပြတတ်အောင် ကျေနပ်ပါတယ်။
နိုင်ငံကိုယ်စားပြုပြီး ပထမဆုံးဝင်ပြိုင်တဲ့ပွဲမှာ ရွှေတံဆိပ်ရ ပြီး ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း ပျော်ပါတယ်။
နောက်ရက်တွေမှာ ကစားရမယ့် ပွဲတွေရှိနေပါသေး တယ်။
ရွှေတံဆိပ်ထပ်ရအောင် ကြိုးစားသွားမှာပါ...” ဟု အမျိုးသမီးလှံတံပစ် ရွှေတံဆိပ်ဆုရှင် မကြီးက မဇ္ဈိမသို့ ပြောသည်။

မသန်စွမ်းဆီးဂိမ်း ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင်
ရေကူးအားကစားအဖွဲ့မှ ရွှေတံဆိပ် ခုနစ်ခုရယူပေး ထားနိုင်ပြီး
ပြေးခုန်ပစ်အားကစားအဖွဲ့က ရွှေတံဆိပ်ငါးခုအထိရယူပေးထားနိုင်ပြီး
ဖြစ်သည်။

မီတာ ၅၀ ရင်ပေါင်တန်း ဖားကူးပြိုင်ပွဲ တွင် အောင်ငြိမ်းဦးက ပထမ(ရွှေ)၊
အမျိုးသမီး မီတာ ၂၀၀ရင်ပေါင်တန်းပြိုင်ပွဲတွင် အေးသူအောင်ကတတိယ (ကြေး) အသီးသီးရရှိကြောင်း သိရသည်။

(၇) ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၏ တတိယနေ့ပွဲစဉ်များကို ဇန်န၀ါရီ ၁၇ ရက် နံနက်ပိုင်း တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး
မြားပစ်အားကစားနည်းမှ ရွှေတံဆိပ်ဆုများစတင်ချီးမြှင့် တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသော
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ၏ ပထမနေ့ ပွဲစဉ်များအပြီးတွင် ဆုရရှိမှုဇယားကို အင်ဒိုနီးရှားအသင်းက ဦးဆောင်ထားနိုင်ခဲ့ပြီး၊
ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁ဝ ခုနှင့် ကြေးတံဆိပ် ၈ ခု၊
စုစုပေါင်း ဆုတံဆိပ် ၂၉ ခုရယူနိုင်ခဲ့သည်။

ဗီယက်နမ်က ရွှေတံဆိပ် ၁၀ ဆုဖြင့် ဒုတိယ၊
ထိုင်းနိုင်ငံက ရွှေတံဆိပ် ၈ ခုဖြင့် တတိယ လိုက်နေပြီး အိမ်ရှင် မြန်မာနိုင်ငံကမူ ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၆ ခုတို့ဖြင့် စုစုပေါင်း ဆုတံဆိပ် ၁၈ ခုရယူကာ စတုတ္ထနေရာ၌ ရပ်တည်နေသည်။
ref to Mizzima and MOI

No comments:

Post a Comment

Note: Only a member of this blog may post a comment.