သတင်းနှင့်နည်းပညာများ

2/26/14

ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်

ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံမှ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆေးရုံသို့ရောက်ရှိနေကြောင်းသတင်းပေးပို့ချက်အရ ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မြိုင်-တောမ လမ်းအတိုင်း မြိုင်မှတောမရွာသို့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်နေ တာတီး(ခ)ထူးအောင်လွင် (၂၈)နှစ်မောင်းနှင်လာသော ၉ခ/xxxx နစ်ဆန်းအစိမ်းရောင်(၁၀)ဘီး မြေသယ်ယာဉ်သည် မျှစ်ရှောက်ရွာအရောက်တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ထိုးကျသွားရာမှ ယာခင်းထဲတွင်ပဲရွေးနေသော ထီးလင်းမြို့နယ်၊ မျှစ်ရှောက်ရွာနေ ဒေါ်လှမေ(၅၅)နှစ်အား ၀င်ရောက် တိုက်မိခဲ့ကြောင်းတွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ဒေါ်လှမေတွင် ဦးခေါင်းနှင့်ရင်ဘတ်နာကျင်၊ ၀ဲခြေပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ တာတီး(ခ)ထူးအောင်လွင်အား ဆေးမင်းတောနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.