အရက်သောက်ပြီးဆိုင်ကယ်မောင်းနှင်မှုကြောင့် တိမ်းမှောက်
အရက်သောက်ပြီးဆိုင်ကယ်မောင်းနှင်မှုကြောင့် တိမ်းမှောက်နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်ဆေးရုံတွင် ဆိုင်ကယ်မှောက်၍လူနာတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ နတ်မောက်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နတ်မောက်မြို့နယ်၊ ယင်းချောင်း တံတားဆောက်လုပ်ရေးဝင်းနေ ဖြိုးအောင်ကျော်(၂၃)နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြီး မြို့သစ်မြို့မှနတ်မောက်မြို့သို့ လော့ဂျာ ၁၁၀ အစိမ်းရောင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် နတ်မောက်-မြို့သစ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၅/၂-၃)ကြားတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့ကြောင်းတွေ့ရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ဦးခေါင်းယာဘက်ချိုစောင်း/ယာမျက်ခုံး/ယာဘက်ခြေသလုံးဖူးရောင်၊ ၀ဲဘက်ခြေမပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဖြိုးအောင်ကျော်အား နတ်မောက်မြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment
Note: Only a member of this blog may post a comment.