သတင်းနှင့်နည်းပညာများ

2/17/14

သံတွဲပင်လယ်ကမ်းခြေတွင် ပိုလန်နိုင်ငံသားတစ်ဦးသေဆုံး



သံတွဲပင်လယ်ကမ်းခြေတွင် ပိုလန်နိုင်ငံသားတစ်ဦးသေဆုံး
........................................................................

[ မင်းအောင်ခိုင် ၊ ရန်ကုန် ]

အပျော်စီးသင်္ဘောဖြင့် ရေကူးရန်သွားသော ပိုလန်နိုင်ငံသားတစ်ဦး သံတွဲပင်လယ်ကမ်းခြေတွင် ရေနစ်သေဆုံးခဲ့ကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့ရုံး မှသိရသည်။

ပတ်စ်ပို့နံပါတ် Ak.57890 ကိုင်ဆောင်သော ပိုလန်နိုင်ငံသား Mr. Makie Wicz Pawe Grezy သည် ရခိုင်ပြည်နယ်သံတွဲမြို့ အေစီအီးဟိုတယ် ၌ ဇနီးနှင့်အတူ တည်းခိုခဲ့ကြရာ ဖေဖော်ဝါရီ ၉ ရက်တွင် ယင်းနှင့် ဇနီးအပါ အဝင် ပိုလန်နိုင်ငံသားရှစ်ဦး သံတွဲမြို့ ပင်လယ်ကမ်းစပ်နေရာတစ်ခုဖြစ်သော ကွင်းဝိုင်းကျေးရွာပင်လယ်ကမ်းခြေသို့ အပျော်စီးသင်္ဘောဖြင့် ထွက်ခွာခဲ့ကြ ပြီး ယင်းကမ်းခြေတွင် ရေကူးကြစဉ် ယင်းနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့် တွင် ယင်းတို့ရှစ်ဦးထဲမှ Mr. Makie Wicz Pawe Grezy တစ်ဦး ရေနစ်သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးမှ ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

''ရေကူးသွားကြတာ အားလုံးပေါင်းရှစ်ဦးထဲမှာ သူ့ဇနီးလဲပါတယ်။ ရေ ကူးတဲ့အခါ ကြွက်တက်သွားတဲ့ပုံရတယ်''ဟု ယင်းရဲဝန်ထမ်းက ဆိုသည်။

အဆိုပါ ပိုလန်နိုင်ငံသားသေဆုံးသွားမှုနှင့်ပတ်သက်ပြီး သံတွဲမြို့နယ် ကျိုက်တောရဲစခန်းမှ ရဲအုပ်လှဝင်းဆွေက သေမှုသေခင်းအမှတ်စဉ် ၃/၂ဝ၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Credit By -Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.