ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးလည်းဖြစ် လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း ခမီးခမက် တော်စပ်သူ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယမှာ ၁၇ ရက်နဲ့ ၁၈ နေ့မှာ လုပ်သွားတဲ့ ဘာသာရေး ပွဲတစ်ခုမှာ ထီးဖြူတော်ဆောင်းပြီး သွားလာနေတာကို မြင်တွေ့လိုက်ရပါတယ်။
ဒါပေမယ့် သူ့ကို ဘုရင်ရူး ရူးနေတာပဲလို့ အင်တာနက် ဖေ့ဘုတ် အွန်လိုင်းတွေပေါ်မှာ ပြောဆိုနေကြတာ ငြင်းခုံနေကြတာကို အတော်များများ ဖတ်ရှုလိုက်ရပါတယ်။ ရေရရင် ပြီးရောဆိုတဲ့ သူ့နောက်ပါတွေကပဲ မြှောက်ပေးတာလား သူ့ဟာသူပဲ ထွင်တာလားတော့ မသိပါဘူး၊ ကြည့်ရတာ အတော်လေးကို အော်ဂလီ ဆန်လှကြောင်းလည်း ပြောဆိုနေကြတာကို ဖေ့ဘုတ်က comments တွေမှာ ဖတ်ရှုလိုက်ရပါတယ်။
ဦးခင်ရွှေဟာ ဂမ္ဘီရလိုင်းဘက်ကိုလည်း ဝါသနာပါသူ တစ်ဦးလို့လည်း သိရပါတယ်။ ဒါကြောင့်လည်း ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
“ခေါင်းလောင်းကြီးကို ဆယ်ဖို့အတွက် ကျနော် တို့ သင်္ဘောကြီးတွေလဲ ငှားပြီးသွားပါပြီ။ တကယ်လို့ အောင်မြင်သွားရင် ရွှေတိဂုံ ဘုရားမှာ ပြန်ထားမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ကျွမ်းကျင်သူတယောက်က လုပ်ငန်းတခုလုံးအတွက် အမေရိကန် ဒေါ်လာ ၅ သန်းကနေ ၁၀ သန်းအတွင်း ကုန်ကျမယ်လို့ ခန့် မှန်းထားပါတယ်။ ဘယ်လောက်ပဲ ကျပါစေ၊ ကျနော် က အကုန်အကျခံဖို့အဆင်သင့်ပါပဲ” လို့ ဦးခင်ရွှေက ဧရာဝတီကို မနှစ်က ပြောခဲ့ဖူးပါတယ်။
ပင်ဆယ်ဗေးနီး ယားပြည်နယ်၊ Bryn Mawr မှာရှိတဲ့ စာတိုက် သေတ္တာ တစ်ခုက တဆင့်ထုတ်ပေးတဲ့ အမေရိကန် နိုင်ငံ ဝါရှင်တန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အတုရရှိထားသူ ဇေကမ္ဘာ ခရိုနီ ဦးခင်ရွှေဟာ ဒေါက်တာ ဦးခင်ရွှေရယ်လို့ ဘွဲ့ရထားသူလည်း ဖြစ်ပါတယ်။
(ဓာတ်ပုံ - သူဇာ / Facebook)
No comments:
Post a Comment
Note: Only a member of this blog may post a comment.