သတင်းနှင့်နည်းပညာများ

5/20/14

မျိုးစောင့်ဥပဒေရေးဆွဲဆဲတွင် ကန့်ကွက်ဝေဖန်ခြင်းသည် မသမာသည့်ရည်ရွယ်ချက်ဖြစ်ကြောင်း မဘသ(ဗဟို)ကြေညာချက်ထုတ်


မျိုးစောင့်ဥပဒေရေးဆွဲဆဲတွင် ကန့်ကွက်ဝေဖန်ခြင်းသည် မသမာသည့်ရည်ရွယ်ချက်ဖြစ်ကြောင်း မဘသ(ဗဟို)ကြေညာချက်ထုတ်
=========================================
မင်းဟိန်းထက် ၊ ရန်ကုန်၊ မေ ၁၇
လက်ရှိအချိန်တွင် အ မျိုးဘာသာ၊ သာသာနာဆိုင်ရာ မျိုးစောင့် ဥပဒေလေးရပ်ကို ရေးဆွဲနေဆဲ ဖြစ်သော ကြောင့် ဥပဒေပါ အချက်အလက်များကို မသိရှိသေးဘဲ ကန့်ကွက်ဝေဖန်နေခြင်း သည် မသမာသည့် ရည်ရွယ်ချက် သဘာဝ မကျသည့်လုပ်ရပ်များဖြစ်ကြောင်း မဘသ (ဗဟို)မှ သဘောထားကြေညာချက် ထုတ် ပြန်လိုက်သည်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိကျောင်းတွင် မေ ၁၇ ရက်က ပြု လုပ်သည့် မျိုးစောင့်ဥပဒေဆိုင်ရာ သတင်း စာရှင်းလင်းပွဲတွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မျိုးစောင့်ဥပဒေလေးရပ်ကို ရေး ဆွဲရေးကော်မရှင်မှ မူကြမ်းရေးဆွဲပြီးနောက် လွှတ်တော်တွင် တင်ပြခြင်း၊ ပြည်သူလူထု ကို တင်ပြခြင်းများ ပြုလုပ်မည်ဖြစ်သည့်အ တွက် ဥပဒေအကြောင်းအရာကို သေချာမ သိဘဲနှင့် မဝေဖန်စေလိုကြောင်း မဘသ (ဗဟို)မှ အလုပ်အမှုဆောင် ဓမ္မစက္ကဦးမောင် မောင်က ပြောကြားခဲ့သည်။
''ဥပဒေအကြောင်းအရာတွေက နိုင်ငံနဲ့ ပြည်သူအကျိုးကို မည်မျှအကျိုးပြု သည်ကို မလေ့လာမသိရှိရသေးဘဲ မှန်းဆ ရမ်းသန်းကာ ဝေဖန်ကန့်ကွက်နေခြင်းသည် မျိုးစောင့်ဥပဒေကို ထောက်ခံလက်မှတ်ရေး ထိုးထားသည့် ပြည်သူလေးသန်းကျော်ကို ဆန့်ကျင်တိုက်ခိုက်ရာ ရောက်ပါတယ်''ဟု ¤င်းကပြောသည်။
မြန်မာအမျိုးသမီးများ အနိုင်ကျင့် ခံရခြင်း၊ အတင်းအဓမ္မ ဘာသာကူးပြောင်း ခံရခြင်း အစရှိသည့်လူ့အခွင့်အရေးနှင့် အ မျိုးသမီးအခွင့်အရေး ဖောက်ဖျက်ခံရမှုများ ကိုကာကွယ်ရန် မျိုးစောင့်ဥပဒေလေးရပ် ကို ပြဋ္ဌာန်းပေးရန် တောင်းဆိုနေခြင်းဖြစ် ကြောင်း ယင်းက ဆက်ပြောသည်။
ထို့ပြင် အမျိုးသမီးအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဝေ ဖန်ပြောဆိုနေကြသည့် မျိုးစောင့်ဥပဒေရေး ဆွဲခြင်းသည် နိုင်ငံရေးတွင် ဘာသာရေးကို ခုတုံးလုပ်သည်ဟုလည်းကောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လမ်းကြောင်းလွှဲနေခြင်းဟု လည်းကောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ကြံစည်မှု ဖြစ်သည်ဟုလည်းကောင်း အစရှိသည့် စွပ်စွဲချက်များသည် မျိုးစောင့် ဥပဒေဖြစ်မြောက်ရေး ဆောင်ရွက်သူဖြင့် သက်ဆိုင်ခြင်းမရှိဘဲ လက်ရှိအုပ်ချုပ်နေ သော အစိုးရကို စွပ်စွဲခြင်းဖြစ်သည့်အတွက် အစိုးရအဖွဲ့ဖြင့်သာ ဖြေရှင်းသင့်ကြောင်း မဘသ(ဗဟို)မှ သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါ မျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာ သူအများစုကလည်း ယင်းဥပဒေကို ထောက် ခံနေသူများသည်လည်း ဥပဒေပါ အချက် အလက်ကို သေချာမသိရှိသေးဘဲ ထောက် ခံနေကြသည်ဟု ဝေဖန်ပြောဆိုနေကြသည်။
ထို့ပြင် မော်လမြိုင်ကျွန်းမြို့နယ်၊ တောင်ကြီးမြို့၊ မြဝတီမြို့၊ အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် အမျိုးဘာသာ၊ သာသနာဆိုင်ရာ ဥပဒေလေးရပ်ကို ပြည်သူ လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန် ဟောပြောပွဲများ ပြုလုပ်ရန်စီစဉ်နေ ကြောင်း သိရသည်။
လူမှုကွန်ရက် စာမျက်နှာပေါ် တွင် ပျံ့နေသည့် အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီမှ ဖုန်းကတ်များကို ပြည်သူများမ ဝယ်ယူကြရန် မဘသမှ တိုက်တွန်းသည်ဟူ သောဖြစ်ရပ်များသည် အမျိုးဘာသာစောင့် ရှောက်ရေးအဖွဲ့(ဗဟို)ညွှန်ကြားချက်ဖြင့် ပြုလုပ်နေခြင်းမဟုတ်ကြောင်း တရားဝင်ပြော ကြားခဲ့သည်။
-------------------------------------------------------------------------
Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.