သတင်းနှင့်နည်းပညာများ

5/20/14

RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို


RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို
======================================
ကျော်မြတ်ဇံ
======================================
ရန်ကုန်၊ မေ ၁၉- မောင်တောနယ် စပ်တွင် မေ ၁၇ က ဘင်္ဂလားဒေရှ့်မှ RSO လက်နက်ကိုင်အဖွဲ့မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ ဝင်များအား တိုက်ခိုက် မှုကြောင့် သေဆုံးဒဏ်ရာရခြင်းများ နှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂ လားဒေရှ့် အစိုးရတာဝန်ရှိသူ များ ထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာ ကို မေ ၁၈ရက်က ပေးပို့ခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် ထောက် လှမ်း ရေးဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။
ယင်းကဲ့သို့ ကန့်ကွက်ရှုတ်ချ သည့် အဆိုလွှာကိုပေးပို့ခဲ့ သည့်အ ပြင် ဘင်္ဂလားဒေရှ့်နိုင်ငံအနေဖြင့် မြန်မာအစိုးရကို အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေး ရန်၊ ကျူးကျော်ပစ်ခတ်သောအကြမ်း ဖက်သမားများကို ဖော်ထုတ်အရေး ယူပေးရန်စသည့် ကိစ္စများကိုပါထည့် သွင်းရေးသားထားကြောင်း သိရသည်။
ဒုရဲမှူးကြီးမင်းအောင်က ''ဒီဖြစ် ရပ်နဲ့ပတ်သက်ပြီး နယ်ခြားစောင့်တပ် က တာဝန်ရှိသူတွေနဲ့သက်ဆိုင်ရာ ဌာနတွေက တာဝန်ရှိ သူတွေ ကတော့ အစည်းအဝေးတွေ ပြုလုပ်နေတယ်။ လုံခြုံရေးကိုတော့ အရင်ထက်ပိုပြီး ဂရုတစိုက်နဲ့စောင့်ကြပ် မှုတွေပြုလုပ် ပါတယ်။''ဟုပြော သည်။
မေ ၁၇ ရက်က မောင်တောနယ် စပ် မိုင်တိုင်အမှတ် ၅၂တွင် ဖြစ်ပွား ခဲ့သည့် RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အမှတ် ၁ နယ် ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေး ဦးကျဆုံးပြီး တစ်ဦးမှာဒဏ်ရာရရှိ ခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် နယ်စပ်ခြံစည်းရိုး လမ်းတစ်လျှောက် ဗန္ဓုကျေးရွာ ဘက် သို့ ချီတက်လာစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ RSO လက်နက်ကိုင်အဖွဲ့မှ ပုန်းခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲမှူးရုံးမှ သိရသည်။
မောင်တောမြို့နယ် ရွှေရင်အေး ကျေးရွာနေသူ ဦးထွန်းမြတ်ကျော် က ''မောင်တောမှာနေတဲ့ ရခိုင်တိုင်း ရင်းသားတွေအနေနဲ့ လုံခြုံမှုမရှိသ လို ခံစားနေရတယ်။ မောင်တောမှာ ပြဿ နာတွေကတစ်ခုပြီး တစ်ခုဖြစ် နေတော့ နေထိုင်ရတာအဆင်မပြေ ဘူး။ တချို့ဆိုစစ်တွေ တို့ ကျောက်ဖြူ တို့ဘက်ကို ပြောင်းသွားကြပြီ'' ဟု ပြောသည်။
K M Z [--Democracy today Daily Newspaper--]

No comments:

Post a Comment

Note: Only a member of this blog may post a comment.