သတင်းနှင့်နည်းပညာများ

8/3/14

ဂျာမနီတွင် ရထားနှစ်စီး တိုက်မိပြီး ခရီးသည် (၄၀)ကျော် ဒဏ်ရာရ


ဂျာမနီတွင် ရထားနှစ်စီး တိုက်မိပြီး ခရီးသည် (၄၀)ကျော် ဒဏ်ရာရ



ဂျာမနီ နိုင်ငံတွင် ရထားနှစ်စီး တိုက်မိရာ ခရီးသည် (၄၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ်(၁)ရက် ညနေပိုင်းက ဂျာမနီ အနောက်တောင်ပိုင်းရှိ ဘူတာတစ်ခုတွင် ကုန်တင်ရထား တစ်စီးနှင့် လူစီးရထားတစ်စီး တိုက်မိခြင်း ဖြစ်သည်။ မန်းဟိမ်းမြို့၏ အဓိက ဘူတာတွင် ဖြစ်ပွားခဲ့သော ရထားတိုက်မှုတွင် ရထားတွဲ နှစ်တွဲသည် သံလမ်းပေါ်မှ ချော်ထွက် တိမ်းမှောက်သွားကြောင်း သိရသည်။
DPA သတင်းဌာနက အဆိုပါ ရထားတွဲ နှစ်တွဲအတွင်းတွင် စုစုပေါင်း လူ(၁၁၀)ကျော် လိုက်ပါလာကြောင်း ဖော်ပြခဲ့သည်။ ရထားတိုက်မှုကြောင့် (၅)ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ အရေးပေါ် တင်ပို့ပေးခဲ့ရသည်။ နောက်ထပ် (၄၀)ခန့်မှာမူ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့သည်။
ရထားနှစ်စီးလုံး အရှိန်လျှော့ မောင်းနှင်နေချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်၍ အထိအခိုက် နည်းခဲ့ခြင်းဟု ဆိုသည်။ ရထားချင်း တိုက်မိရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ရထားချင်း တိုက်မိပြီးနောက် ရထားတွဲများပေါ်ရှိ ခရီးသည် (၂၅၀)ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သတင်းရရှိသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.