Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ
Submitted by ij_editor on
အင်တာနက် အသုံးပြုရာတွင် ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်ခြင်း ခံနေရသည့် Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းမှ အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ ကျပ်သို့ စတင်လျှော့ချပေးလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီမှ CEO ဖြစ်သူ Mr. Ross Cormack က ယနေ့ ပြောကြားလိုက်သည်။
ယခင်က Ooredoo သည် ၎င်းတို့၏ အင်တာနက်အသုံပြုခကို 1MB လျှင် ၂၅ ကျပ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများ၏ ဝေဖန် အကြံပြုချက်အရ 1MB လျှင် ၁၀ ကျပ်အဖြစ်သို့ သြဂုတ်လ ၃၁ ရက်တွင် စတင်ပြောင်းလဲ ကောက်ခံသွားမည်ဟု Mr. Ross Cormack က ဆိုသည်။ Ooredoo သည် ၎င်း၏ ပုံမှန် အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ အဖြစ်သို့ လျှော့ချပေးခဲ့သော်လည်း ယခင် သတ်မှတ် ထားသည့် နေ့စဉ် ၊ အပတ်စဉ်၊ လစဉ် အင်တာနက် Data Plan များကို ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ Data Plan အရ တစ်လအတွင်း အသုံးပြုသည့် 1GB ကို ၁၂,၀၀၀ ကျပ် ကောက်ခံထားသည်။ ပုံမှန်အားဖြင့် 1MB လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုပါက 1GB လျှင် ၁၀,၂၄၀ ကျပ်သာ ကျသင့်မည် ဖြစ်သည့်အတွက် Data Plan များမှာ ဈေးနှုန်းပိုမို မြင့်မားနေမည် ဖြစ်သည်။
Ooredoo ၏အဆိုအရ ၎င်းတို့၏ Data Plan သည် ပရိုမိုးရှင်းများ ထပ်မံပါဝင်သည့်အတွက် အသုံးပြုရန် သင့်လျော်သည့် အနေအထားဖြစ်သည်ဟု သိရသည်။ Ooredoo ၏ ကွန်ရက်သည် လက်ရှိအချိန်၌ လူဦးရေ ၉ မီလီယံ ကို လွှမ်းခြုံထားကြောင်း၊ အသုံးပြုသူ လူဦးရေ ၁ မီလီယံကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်သည့် Ooredoo သည် လာမည့် နှစ်ပတ်အကြာ ကာလအတွင်း လူဦးရေ ၁၂.၃ မီလီယံကို ကွန်ရက် လွှမ်းခြုံပေး မည် ဖြစ်ကြောင်း Mr. Ross Cormack က ပြောသည်။ ထို့အပြင် ရန်ကုန်မြို့၌ ကွန်ရက်ကောင်းမွန်ခြင်း မရှိသေးသည်ကိုလည်း ၎င်းတို့ အနေဖြင့် သိရှိထားကြောင်း ပြောဆိုခဲ့သည်။
http://internetjournal.com.mm/content/14208
http://internetjournal.com.mm/content/14208
No comments:
Post a Comment
Note: Only a member of this blog may post a comment.