သတင်းနှင့်နည်းပညာများ

9/27/13

EXEဖိုင်ရဲ့ icon ပုံစံကိုဘယ်လိုပြောင်းမလဲ

EXEဖိုင်ရဲ့ icon ပုံစံကိုဘယ်လိုပြောင်းမလဲ 
တခါတရံမှာ (.exe) ဖိုင်တွေရဲ့ iconကို ပြောင်းလဲဖို့ လိုအပ်လာတတ်ပါတယ်။ Windows ထဲမှာလည်း ပြောင်းလို့ရပါတယ်။ TuneUp Winstyler ကဲ့သို့သော icon ပြောင်းလဲတဲ့ Tools တွေတော့ရှိပါတယ်။ ဒါပေမယ့် တခါတလေမှာ ကိုယ့်ကွန်ပြူတာထဲမှာသာ icon ပုံစံတွေ ပြောင်းသွားပြီး အခြားကွန်ပြူတာများကို ကိုယ် iconပုံစံပြောင်းထားတဲ့ (.exe)ဖိုင်တွေကို ပို့လိုက်တဲ့အခါ အဲဒီကွန်ပြူတာမှာ မူရင်း icon ပုံစံအတိုင်းပဲ ဖော်ပြတတ်ကြပါတယ်။ ဒါကြောင့် ဘယ်ကွန်ပြူတာမှာပဲ ဖွင့်ဖွင့် ကိုယ်ပြောင်းလိုက်တဲ့ icon ပုံစံလေးတွေအတိုင်းပေါ်ရအောင် softwareလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ အဲဒါကတော့ IconChanger Version 3.8 ပဲဖြစ်ပါတယ်။

1. အဲဒီ software trial version ကို အရင် ဒေါင်းလုပ် လုပ်ပါ။
ပြီးရင် install လုပ်လိုက်ပါ။
2. ကိုယ် ပြောင်းချင်တဲ့ (.exe)ဖိုင်ကို Right Click လုပ်ပါ။
Change Icon ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒါကို Click လိုက်ပါ။Icon Changer Program ပွင့်လာပါလိမ့်မယ်။
3. ပြီးရင် မှန်ဘီလူးပုံရဲ့ အောက်မှ Search ဆိုတာကို Click လိုက်ပါ။ Icon Changer က ကွန်ပြူတာထဲမှာရှိတဲ့ icon ပုံစံတွေအားလုံးကို ဖော်ပြပေးပါလိမ့်မယ်။
4. အဲဒီထဲက တခုကိုရွေးပြီး Set ကို Click လိုက်ပါ။
5. Popup Window တခုပေါ်လာပြီး option နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းပါလိမ့်မယ်။
• Change Embeded icon.
• Adjust Windows to display custom icon.
• ပထမ option ကိုရွေးပေးလိုက်ပါ။ (Change embeded icon.)
ကဲအခုဆိုရင် ကိုယ် ပြောင်းချင်တဲ့ ပုံစံလေးအတိုင်း (.exe)ဖိုင်ကို တွေ့ရတော့မှာဖြစ်ပါတယ်။ (.exe)ဖိုင်မှ မဟုတ်ပါဘူး တခြားဖိုင်တွေကိုလည်း ဒီနည်းအတိုင်း icon ပုံစံတွေပြောင်းချင်ရင် ဒီ software နဲ့ပြောင်းလို့ရပါတယ်။
လိုချင်ရင်တော့အောက်ကလင့်ကနေ zip ဖိုင်လေးကိုဒေါင်းလိုက်ပါ ....
zip ဖိုင်လေးကိုဖြည်လိုက်တာနဲ့ (.exe)ဖိုင်လေးနှစ်ခုတွေ့ရမှာပါနှစ်ခုစလုံးကအတူတူပါပဲ ..
သော့ပုံလေးနဲ့ icon က ကျွန်တော်ပြောင်းပြီးစမ်းထားတာပါ ..ဖိုင်ဆိုဒ်ကလည်း 2.2MB ပဲရှိပါတယ်..

http://www.solidfiles.com/d/d7f4e3ff3d

No comments:

Post a Comment

Note: Only a member of this blog may post a comment.