မြန်မာ့စီးပွားရေးဘဏ် သီးသန့်ငွေလွှဲကောင်တာဖွင့်
ရန်ကုန်၊ အောက်တိုဘာ ၁၇
ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်က ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင် အပါအဝင် မန္တလေးမြို့နှင့် အောင်ပန်းမြို့တို့၌ ပထမဆုံး သီးသန့် ငွေလွှဲကောင်တာများကို စတင်ဖွင့်လှစ် လိုက်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ သီးသန့်ငွေလွှဲ ကောင်တာများတွင် ငွေလွှဲပို့ခြင်းနှင့် လွှဲငွေလက်ခံခြင်း လုပ်ငန်းများသာ လုပ်ကိုင်မည် ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။
သီးသန့် ငွေလွှဲကောင်တာကို ဘုရင့်နောင် ကုန်စည်ဒိုင်အနီးတွင် လာရောက် ဖွင့်လှစ်ခြင်းဖြင့် ပုဂ္ဂလိကဘဏ် မရှိသော ဒေသများသို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေလာနိုင်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ထွန်းဆန်ပွဲရုံ လုပ်ငန်းရှင် ဦးတင်ဦးက ပြောကြာသည်။
“ဖွင့်တာကောင်းတယ်။ ပုဂ္ဂလိက ဘဏ်မရှိတဲ့ မြို့တွေကို ငွေလွှဲရင် အစိုးရဘဏ်ရှိတဲ့ နေရာတွေသွားလွှဲရတယ်” ဟု ၎င်းကဆိုသည်။
ယခုလက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်ကို ၁၉၅၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။
From - The Voice Weekly
No comments:
Post a Comment
Note: Only a member of this blog may post a comment.