သတင်းနှင့်နည်းပညာများ

1/24/14

မိသားစု လုံခြုံရေးအတွက် ငွေသုံးကြမ်းနေသည့် ဗစ်တိုးရီးယား ဘက်ဟမ်း


မိသားစု လုံခြုံရေးအတွက် ငွေသုံးကြမ်းနေသည့် ဗစ်တိုးရီးယား ဘက်ဟမ်း

Friday, January 24, 2014

ဗစ်တိုးရီးယားဘက်ဟမ်းအနေဖြင့် မိသားစု လုံခြုံရေး ကဏ္ဍတွင် ငွေကြေး
ကို မတွန့်မဆုတ် သုံးစွဲရန်ဆုံးဖြတ်ထားခဲ့ကြောင်း သိရသည်။ နာမည်ကျော် ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာသည် သူမနှင့် သူမ၏ ခင်ပွန်းသည် အင်္ဂလန်
လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ဟမ်းနှင့် ကလေး (၄) ယောက်တို့အတွက် လုံခြုံရေး အသုံးစရိတ်ကို ပေါင်စတာလင် (၁)သန်းထိ မြှင့်တင် သတ်မှတ်ထားခဲ့သည်။ ဘက်ဟမ်းမိသားစုသည် လန်ဒန်ရှိ
ပေါင်စတာလင် (၃၁.၅)သန်းတန် စံအိမ်ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီး ယင်းအတွက် နေအိမ် လုံခြုံရေးစံနှုန်းများကို အမြင့်ဆုံး သတ်မှတ်လုပ် ဆောင်ရန် ဗစ်တိုးရီးယားက ရွေးချယ်ခဲ့သည်။
"အရေးပေါ် အခြေအနေမှာ ခိုလှုံမယ့် အခန်းတစ်ခုရှိမယ်။ (၂၄)နာရီပတ်လုံး အလုပ်လုပ်နေမယ့် လုံခြုံရေးကင်မရာ အလုံး(၆၀)လောက် ရှိလိမ့်မယ်" ဟု နီးစပ်သူ တစ်ဦးကဆိုသည်။ အသက်(၂)နှစ် အရွယ် သမီးငယ်လေး ဟာပါး
၏ အခန်းထဲတွင် ပေါင်စတာလင် (၆၀၀၀၀၀) တန်သည့် ဒါမိန်းဟာ့စ် လက်ရာပန်းချီကားတစ်ချပ်ကိုလည်း ချိတ်ဆွဲပေးထားပြီး အစ်ကို(၃)ဦး သည်လည်း မိမိတို့ ကိုယ်ပိုင် အခန်းများတွင် အဖိုးတန် အနုပညာလက်ရာ များ ဖြည့်သွင်းစုဆောင်းပေးထားသည်ကို ပိုင်ဆိုင် ရရှိမည်ဟု ဆိုသည်။
လုံခြုံရေး စနစ်များ တပ်ဆင်သည့် စရိတ်စကမှာမူ ပေါင်စတာလင် (၁)သန်း ထိ ရှိနေကြောင်း သိရသည်။
ဗစ်တိုးရီးယားသည် နေအိမ်မွမ်းမံမှုအတွက် သူငယ်ချင်းဖြစ်သူ ကယ်လီ ဟော့ပန်းကို အပြည့်အဝ တာဝန်ပေး အပ်နှံခဲ့သည်။ ထို့အပြင် ဒေးဗစ်က စံအိမ်အတွင်း၌ မီးဖိုခန်းကို အထူးမွမ်းမံ တည်ဆောက်ရန်နှင့် ဓာတ်လှေခါး
တစ်စင်း တပ်ဆင်ရန်တို့အတွက် သူငယ်ချင်း တစ်ဦးဖြစ်သည့် ဂေါ်ဒွန်ရမ် ဆေးကို အလုပ်အပ်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment

Note: Only a member of this blog may post a comment.