1/24/14
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးလို့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက်
လော်ခီးလာသဘောတူညီချက် မနက်ဖြန် လက်မှတ်ထိုးမည်၊ ဘားအံအတွက် ဒေါ်စုကိုဖိတ်မည်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို အတည်ပြုတဲ့အချက်ပါဝင်တဲ့ လော်ခီးလာ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို ဇန်နဝါရီ ၂၅ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပြီးသတ် လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ညီလာခံပြီးဆုံးတဲ့အထိ မတက်ရောက်နိုင်တာမို့ မနက်ဖြန်မှာရေးထိုးမှုမှာ ပါဝင်နိုင်ခြင်းမရှိပေမယ့် NCCT လို့ခေါ်တဲ့ အပစ်ရပ်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ သဘောတူစာချုပ်ကို အတည်ပြုခဲ့တယ်လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုပါတယ်။
လိုင်ဇာသဘောတူညီချက် ရေးထိုးခဲ့တဲ့အဖွဲ့တွေ၊ လော်ခီးလာညီလာခံတက်ရောက်လာတဲ့အဖွဲ့တွေ၊ အစိုးရနဲ့ တစ်ဖွဲ့ချင်း အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ကြန်အင်လက္ခဏာနဲ့ပြည့်စုံတဲ့အဖွဲ့တွေဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်နိုင်ဖို့ NCCT က သတ်မှတ်ထားပြီး မြန်မာအစိုးရနဲ့ မြန်မာအစိုးရသြဇာခံအဖွဲ့တွေပါမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးလို့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ပူးတွဲကော်မတီ ဖွဲ့စည်းလိုက်တာနဲ့ လက်ရှိ NCCT ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေပြီးဆုံးမှာဖြစ်ပြီး ဖယ်ဒရယ်တပ်မတော်ကိစ္စ တိုင်းရင်းသားတွေဘက်က သဘောတူလိုက်တဲ့ မူကြမ်းမှာ ခေါင်းစဉ်လောက်သာ ထည့်ထားပြီး အကောင်အထည်ဖော်မှုကိုတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
လာမယ့် ဘားအံညီလာခံမတိုင်ခင် မြန်မာအစိုးရဘက်က ဦးအောင်မင်းတို့နဲ့ NCCT အလွတ်သဘောတွေ့ဆုံသွားမှာဖြစ်ပြီး မိုင်းလားနဲ့ UWSA အဖွဲ့တွေဆီ ရှင်းပြမယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ဆိုပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့အခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ နိုင်ဟံသာက ဆိုပါတယ်။
Credit By- BREAKING NEWS
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.