သတင်းနှင့်နည်းပညာများ

1/19/14

ရက်အနည်းငယ်အတွင်း ၂၀ ကျော်အရွယ်မှ အသက် ၇၀ ကျော်အရွယ်သို့ ပြောင်းလဲသွားသော မိန်းကလေး


ရက်အနည်းငယ်အတွင်း ၂၀ ကျော်အရွယ်မှ အသက် ၇၀ ကျော်အရွယ်သို့ ပြောင်းလဲသွားသော မိန်းကလေး

ဖော်ပြပါပုံများတွင် အသက် ၂ဝကျော်အရွယ် မိန်းကလေးနှင့် သူ၏အဘွားကို နှိုင်းယှဉ်ပြထားသည်ဟု ထင်ရသည်။ သို့သော် အဆိုပါဓာတ်ပုံသည်လူတစ်ဦးတည်းကိုပင် ရက်အနည်းငယ် ခြား၍ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သည်။ ငုယင်သီဖြူအွန်း အမည်ရှိဗီယက်နမ် မိန်းကလေးငယ်က သူသည်ပင်လယ်စာများကို ဓာတ်မတည့်မှု ပြင်းထန်စွာဖြစ်ပွားရာမှ ယခုကဲ့သို့ ရုပ်သွင်ပြောင်းလဲသွားရခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုအခါ အသက် ၂၆ နှစ်ရှိပြီ ဖြစ်သော ငုယင်က သူသည် ၂ဝဝ၈ ခုနှစ်တွင် မျက်နှာမှာ ဖောင်းကားရောင်ရမ်းလာပြီးနောက် ယခုကဲ့သို့ အရေပြားများတွဲကျလာခြင်းဖြစ်သည်ဟုဆိုသည်။ သူသည် ကုသမှုအမျိုးမျိုးကို ရှာဖွေခဲ့သော် လည်း ယခုတိုင် ထိရောက်သော ကုသမှုမျိုး တွေ့ရှိရခြင်းမရှိဟုဆိုသည်။ သူ၏ခင်ပွန်းဖြစ်သူ သန်တုယင်က သူ့ဇနီးအဖြစ်အပျက်မှာ အမှန်တကယ်ဖြစ်ပြီး ရုပ်သွင်ပြောင်းလဲသွားသော်လည်း သူ၏အချစ် မပြောင်းလဲဟုဆိုသည်။ ငုယင်သည်ကာလကြာရှည်စွာ ပင်လယ်စာအပေါ်ဓာတ်မတည့်မှု အခြေအနေကို ရင်ဆိုင်ခဲ့ရသော်လည်း သူတို့သည် ဆင်းရဲကာငွေကြေးမတတ်နိုင်သောကြောင့် ဆေးရုံသို့မသွားနိုင်ဘဲ ဆေးဆိုင်မှသာ ဆေးများဝယ်သောက်ခဲ့ရသည်ဟုဆိုသည်။ ဆရာဝန်များက သူ၏ရောဂါကို ipodystro-phy ဟုခေါ်ပြီး အဆိုပါရောဂါမှာ ရေပြားအောက်ရှိ အဆီတစ်သျှူးများပြိုကွဲ ပျက်စီးသွားခြင်းဖြစ်သည် ဟုဆိုသည်။
www.facebook.com/mmcities
Credit to Myawady news
Reposted by Tint

No comments:

Post a Comment

Note: Only a member of this blog may post a comment.