သတင်းနှင့်နည်းပညာများ

8/27/14

လူငယ်တဦး ဓားနဲ့ ထိုးလို့ မော်ဒယ်အမျိုးသမီး တဦး သေဆုံးမှု


လူငယ်တဦး ဓားနဲ့ ထိုးလို့ မော်ဒယ်အမျိုးသမီး တဦး သေဆုံးမှု

WEDNESDAY, AUGUST 27, 2014

တက်သစ်စမော်ဒယ်မလေး အေးချမ်းမြတ်မိုး ကို အမျိုးသား တဦးက  ဓားနဲ့ ထိုးသတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ  ဒီကနေ ဖေ့ဘွတ်စာမျက်နှာတွေမှာ လူအများစိတ်ဝင်တစားဖော်ပြနေကြပါတယ်။ 



ဒီကိစ္စအပေါ် မှတ်ချက်တွေလည်း အမျိုးမျိုး ပေးကြတာတွေ့ရပြီး ယနေ့ ခေတ်လူငယ်တွေဟာ မူးယစ်ဆေး သုံးဆွဲမှု မြန်မာနိုင်ငံမှာ  တော်တော်များလာနေပြီဆိုတာကိုပြသနေတာလို့ ဆိုပါတယ်။



အိမ်တံခါးဝတွင် မိခင်ဖြစ်သူအား ကယ်ပါရန် အကူအညီတောင်းသံကြားလို့ မိခင်နဲ့ အမဖြစ်သူတို့က အခန်း တံခါးဖွင့် ကြည့်စဉ်မှာ လည်ပင်းမှာ ဓားဒဏ်ရာနဲ့ လဲကျသွားတာဖြစ်ပြီး ဆေးရုံပို့စဉ်မှာ အေးချမ်းမြတ်မိုး ဆုံးပါး သွားတာဖြစ်တယ်လို့လည်း တချို့က ပြောဆိုနေကြပါတယ်။ 

အခုလို အေးချမ်းမြတ်မိုး ကွယ်လွန်တဲ့ သတင်းအပေါ် ထင်ရှားတဲ့ အနုပညာရှင်တွေအပါအ၀င် မော်ဒယ်
လောကသားတွေလည်း ၀မ်းနည်းကြောင်းတွေ ရေးနေတာတွေ့ရပါတယ်။


ဒီအကြောင်း အသေးစိပ်သတင်းကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ မကြာမီ ဖော်ပြသွားပါမယ်။


http://blog.irrawaddy.org/2014/08/blog-post_601.html#more

No comments:

Post a Comment

Note: Only a member of this blog may post a comment.