သတင်းနှင့်နည်းပညာများ

8/27/14

ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက်


ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက်
နေပြည်တော်၊ သြဂုတ် ၂၆
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၃/၄-၅)ကြား ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာနေ ၀င်းဦး(၅၇)နှစ်မောင်းနှင်လာသော 7G/xxxx ဆူဇူကီးအဖြူရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအား ၀င်ရောက်တိုက်မိတိမ်းမှောက်ခဲ့သည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ၀င်းဦးတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ၀ဲလက်မောင်းပွန်းပဲ့နာကျင်၊ ယာပုခုံးပွန်းပဲ့ဒဏ်ရာနှင့်ယာဉ်ပေါ်ပါ စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ တအုံရွာနေ ဦးခင်မောင်ထွန်း(၅၉)နှစ်၌ ဦးခေါင်းယာချိုစောင်းပေါက်ပြဲ၊ ၀ဲပါး၊ နှာခေါင်း၊ မေးစေ့၊ ယာလက်မောင်း၊ ၀ဲ/ယာလက်ဖျံ၊ ၀ဲ/ယာဒူးနှင့်ရင်ဘတ်တို့တွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ၀ဲ/ယာရှေ့မီးသီးကွဲ၊ ရှေ့ဘန်ဘာပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းဦးအား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.