မြန်မာ့တပ်မတော်(ရေ) ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတစ်ခု
တပ်မတော်(ရေ)အနေဖြင့် ပြည်တွင်းထုတ် အမြန်ရေယာဉ်ငယ်များမှသည် ကိုယ်ပျောက်ဖရီဂိတ် စစ်ရေယာဉ်များတည်ဆောက်လျက်ရှိပါသည်။ ကိုယ်ပျောက်စစ်ရေယာဉ်များ၏ ပထမဆုံးခြေလှမ်းတစ်ရပ်ဖြစ်သည့် စစ်ရေယာဉ် ၄၉၁ သည် ခေတ်မှီနည်းပညာများ အလုံလောက်တပ်ဆင်ထားသည့် အမြန်သွား တိုက်ခိုက်ရေးစစ်ရေယာဉ် အမျိုးစားဖြစ်ပြီး AK-630 ကဲ့သို့သော် မြန်နှုန်းမြှင့် စက်အမြောက်ကြီးကိုလည်း တပ်ဆင်ထားပါသည်...။ ထို့အပြင် လေကြောင်းရန်ကာကွယ်ရေးအတွက်လည်း Igla ကဲ့သို့သော တာတိုပစ် လေကာဒုံးများတပ်ဆင်ထားကာ ရေပြင်မှရေပြင်ပစ် စီ-၈၀၂အေ ပဲ့ထိန်း သင်္ဘောဖျက်ဒုံးများလည်း တပ်ဆင်ထားပါသည်။
ပုံတွင်မြင်တွေ့နေရသည်မှာ ၄၉၁ ကိုယ်ပျောက် အမြန်သွားတိုက်ခိုက်ရေးယာဉ်ပေါ်ရှိ AK-630 ( Stealth Version) ဖြင့် ပစ်ခတ်လေ့ကျင့်နေကြစဉ်ဖြစ်ပါသည်...။
Credit By -Myanmar Defence Weapons

No comments:
Post a Comment
Note: Only a member of this blog may post a comment.