သတင်းနှင့်နည်းပညာများ

2/4/14

ကမ္ဘောဒီးယားနိုင်ငံသို့ ကားခ ကျပ်ခြောက်သောင်းဖြင့် သွားရောက်နိုင်ပြီ



ကမ္ဘောဒီးယားနိုင်ငံသို့ ကားခ ကျပ်ခြောက်သောင်းဖြင့် သွားရောက်နိုင်ပြီ

[ ကောင်းထက် ၊ ရန်ကုန် ]

ကားခကျပ်ခြောက် သောင်းရှိရုံဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ အ ဆင့်မြင့်ယာဉ်လိုင်းများဖြင့် သွားရောက်လည် ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို (Vega Travel & Tour) မှ ယခုလတွင်စတင်ပြေးဆွဲပေး သွားမည်ဖြစ်ကာ ယာဉ်စီးခ ကျပ်ခြောက် သောင်းသတ်မှတ်ထားပြီး ရန်ကုန်၊ မြ၀တီ၊ မဲဆောက်၊ ဘန်ကောက်မှတစ်ဆင့် ကမ္ဘော ဒီးယား(အန်ကောဝပ်)သို့ ဆက်လက်ပြေး ဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီမှတာဝန်ရှိသူတစ် ဦးဖြစ်သူ ကိုကျော်ကိုက ““မြန်မာနိုင်ငံပြည် တွင်းကနေပြီးတော့ ခရီးစဉ်လမ်းကြောင်း အသစ်အဖြစ် တိုးချဲ့ပြေးဆွဲတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့ တခြားနိုင်ငံတွေကိုလဲ လမ်းကြောင်းအသစ်တွေ ထပ်ပြေးဆွဲနိုင် ဖို့စီစဉ်နေပါတယ်။ အခုခရီးစဉ်က ရန်ကုန်- ဘန်ကောက်-ကမ္ဘောဒီးယားခရီးစဉ်အဖြစ် ဆွဲထားတဲ့အတွက် ခရီးသည်တွေက ဘန် ကောက်မှာဝင်လည်နေခဲ့မယ်ဆိုရင်လဲ ရ ပါတယ်။ အဓိကကတော့ အသွားခရီးစဉ် အတွက်ပဲဆိုပေမယ့် ခရီးသည်တွေရဲ့ဆန္ဒ အတိုင်း စီစဉ်ပေးမှာပါ””ဟုပြောသည်။

အဆိုပါခရီးစဉ်ကို ယာဉ်စီးခအ ဖြစ် ကျပ်ခြောက်သောင်းသတ်မှတ်ထား ကာ ယင်းမှာ အသွားခရီးတစ်ကြောင်းသာ ဖြစ်ကြောင်းနှင့် ဘန်ကောက်အထိသာသွား ရောက်မည်ဆိုပါက ကျပ်ငါးသောင်းသာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်ယာဉ်များဖြင့် ခရီး စဉ်ပြေးဆွဲပေးမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ်ဝင်ရောက်လျှောက် ထားရမည်ဖြစ်ပြီး ကမ္ဘောဒီးယားသို့ ဗီဇာ ကြေးအဖြစ် ဒေါ်လာသုံးဆယ်ပေးဆောင် ၍ လည်ပတ်နိုင်မည်ဖြစ်သည်။

ရန်ကုန်-ဘန်ကောက်-ကမ္ဘော ဒီးယားခရီးစဉ်ကို ရန်ကုန်မှ နံနက် ၆နာရီ တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မြ၀တီသို့ ညနေ ၅ နာရီဝန်းကျင်တွင်ရောက်ရှိမည် ဖြစ်ကာ ခရီးသည်များအတွက် နှစ်နာရီခန့် နားမည်ဖြစ်သည်။ ထို့နောက် မဲဆောက် မှ ည ၈ နာရီခန့်တွင်ပြန်လည်ထွက်ခွာပြီး ဘန်ကောက်မြို့သို့ နံနက် ၆ နာရီခန့် တွင် ရောက်ရှိမည်ဖြစ်သည်။ ဘန်ကောက်မှတစ် ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက် ရမည့်အချိန်ကို ခရီးသည်များ မိမိကြိုက် နှစ်သက်သည့်အချိန်တွင် သွားရောက်နိုင် သည်ဟု သိရသည်။
ရန်ကုန်-ဘန်ကောက်-ကမ္ဘော ဒီးယားခရီးစဉ်အပြင် အခြားဘန်ကောက်- ရန်ကုန်-ပုဂံ၊ ဘားအံ-ဘန်ကောက်၊ မန္တလေး- ဘန်ကောက်ခရီးစဉ်များလည်း ပြေးဆွဲလျက် ရှိသည်ဟုသိရသည်။

Credit By- Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.