2/4/14
ပုသိမ်မြို့၌ ဘာသာရေးအသွင်ဆောင်သည့် လူစုရုံးမှုဖြစ်ပွား အချိန်မီထိန်းသိမ်းနိုင်
ပုသိမ်မြို့၌ ဘာသာရေးအသွင်ဆောင်သည့်
လူစုရုံးမှုဖြစ်ပွား အချိန်မီထိန်းသိမ်းနိုင်
[ မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)၊ ပုသိမ် ၊ ]
ဧရာဝတီတိုင်းဒေသ ကြီးပုသိမ်မြို့၌ သာမန်လူမှုရေးပြဿနာများမှ တစ်ဆင့် ဘာသာရေးပဋိပက္ခအသွင်ဆောင် သည့်စုရုံးမှုများ မကြာခဏဖြစ်ပွားလျက် ရှိရာ မြို့ခံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အ စည်းများ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ညှိနှိုင်းဆောင်ရွက်ပြီး အချိန်မီထိန်းသိမ်းနေရသည်ဟု သိရသည်။
ဇန်န၀ါရီ ၃၁ရက် ည ၇နာရီခန့် က ပုသိမ်မြို့ အမှတ်(၈)ရွာသာယာရပ်ကွက် ၌ အိမ်ထောင်ရေးပြဿနာတစ်ခုကို အ ကြောင်းပြု၍ ဘာသာရေးပဋိပက္ခ အသွင် ဆောင်သည့် လူစုရုံးမှုဖြစ်ပွားခဲ့သဖြင့် မလို လားအပ်သော ပြဿနာများ မဖြစ်ပေါ်စေ ရန် ပုသိမ်မြို့ခံရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
““ဖြစ်တာကတော့ ယောက်ျား လုပ်တဲ့သူက မိန်းမကို အတင်းအဓမ္မ သူတို့ ဘုရားကျောင်းကို လိုက်ဖို့ခေါ်ရာကနေစ တာပါပဲ။ အဲဒါကို ဆူဆူညံညံဖြစ်လို့ ရပ်ကွက် က လူတွေကထွက်ကြည့်တော့ သူတို့ဦးလေး ဖြစ်တဲ့သူနဲ့တူဖြစ်သူက တစ်ရပ်ကွက်လုံးကို အော်ဟစ်ပြီးဆဲတော့ ပတ်ဝန်းကျင်က မခံနိုင် ဖြစ်ပြီး လူစုရုံးမှုဖြစ်သွားကြတာပါ””ဟု ပုသိမ် မြို့ အမှတ်(၈)ရပ်ကွက် နေထိုင်သူတစ်ဦး က ပြောသည်။
ထိုကဲ့သို့ဖြစ်ပွားမှုများကို ဒေသခံ တချို့မှ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက်အား အကြောင်းကြားခဲ့ ပြီး ထိုမှတစ်ဆင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ က အချိန်မီလာရောက်၍ ရမ်းကားသူနှစ် ဦးကို ခက်ခက်ခဲခဲဖမ်းဆီးခဲ့ရသည်ဟု ပုသိမ် မြို့ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ် ရေးကွန်ရက်မှ ကိုမြင့်နိုင်ကပြောသည်။
““ည ၈နာရီကျော်လောက်မှာတော့ လူစုခွဲနိုင်ခဲ့ပါတယ်။ အခုတော့ မူးယစ်ရမ်း ကားသူနှစ်ဦးကို ပုသိမ်အသည်ကြီးရဲစခန်း မှာ ချုပ်ထားတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေညှိနှိုင်းပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ သိရမယ်။ အခုတော့ အကုန်ညှိနှိုင်းနေတုန်း ပဲရှိသေးတယ်””ဟု ပုသိမ်မြို့အသည်ကြီး ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် ရမ်းကား သူတူအရီးနှစ်ဦးမှာ အရက်သေစာသောက် စားထားသဖြင့် ၁၉၆၁ခုနှစ်၊ ခံဝန်နှင့်ခြေချုပ်ဥပဒေပုဒ်မ၅(၁)၊(စ)(ဆ)ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးထံတင်ပြ ခွင့်ပြုမိန့်တောင်း ခံထားကြောင်း အဖွဲ့အစည်းတချို့ကပြော ဆိုသော်လည်း သီးခြားအတည်ပြုချက်ရယူ နိုင်ခြင်း မရှိသေးပေ။
ပုသိမ်မြို့၌ ပြီးခဲ့သည့်လပိုင်းအ တွင်းက အလားတူဖြစ်စဉ်များကို ရေကြည် ဦးရပ်ကွက်၌လည်းကောင်း၊ တဂေါင်းဘုရား တွင်လည်းကောင်း၊ ဘန့်ဘွေးကုန်းလမ်း အာရ် ရဗီစာသင်ကျောင်းတွင်လည်းကောင်း၊ ပုသိမ် မြို့ ကွမ်းခြံရပ်ကွက်နှင့် မင်းကြီးလမ်းရပ်ကွက် တွင်လည်းကောင်း၊ ဝေဠုဝန်ရပ်ကွက်တွင် လည်းကောင်း လူစုဝေးမှုများ ဆောင်ရွက် ခဲ့ကြသော်လည်း တာဝန်ရှိသူများ၊ ဘာသာ ရေးအဖွဲ့အစည်းများနှင့် တာဝန်သိပြည်သူ များ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်သဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ဒေသခံ တို့က ဆိုသည်။
Credit By- Yangon Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.