သတင်းနှင့်နည်းပညာများ

2/4/14

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် အလိုအလျောက် ထိန်းချုပ်မှုစနစ်ပါ ဂျပန်မီးပွိုင့်စနစ် အသုံးပြုမည်

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် အလိုအလျောက် ထိန်းချုပ်မှုစနစ်ပါ ဂျပန်မီးပွိုင့်စနစ် အသုံးပြုမည်

အောင်သူ(ဒေးဒရဲ) ၊ ရန်ကုန် 

ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အ တွက် ဂျပန်နိုင်ငံ၌အသုံးပြုနေသော အလို အလျောက်ထိန်းချုပ်မှုစနစ်ပါဝင်သည့် မီး ပွိုင့်များအတိုင်း တပ်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ယာဉ်ကြောပိတ်ဆို့မှု အား ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်သည့် လမ်းဆုံခုနစ်နေရာ ၌ ဂျပန်နိုင်ငံတွင် တပ်ဆင်သည့်မီးပွိုင့်များ အတိုင်း တပ်ဆင်သွားမည်ဖြစ်ကြောင်း ဂျပန် သံရုံးစီးပွားရေးဌာနသံမှူး Mr. Hideaki Matsuo ကပြောသည်။

ဂျပန်သံရုံးစီးပွားရေးဌာနသံမှူးMr. Hideaki Matsuo က ““ရှစ်မိုင်မီးပွိုင့် ဆိုရင် ဂျပန်ပုံစံမီးပွိုင့် တပ်ဆင်ထားတာပါ။ အဲဒီမှာဘာတွေ့ရလဲဆိုတော့ ဆင်ဆာထား ပြီး ကားဘယ်နှစီးဖြတ်လဲဆိုတာကို ရိုက် တယ်။ ကားအဖြတ်များတဲ့ဘက်ကို မီးပွိုင့် ရှည်ရှည်ထားပြီး အချိန်ကိုပါထိန်းချုပ်သွား မယ့်ပုံစံမျိုးတွေ စမ်းသပ်ပြီးတော့ တပ်ဆင် ထားတယ်။

နေရာအတိအကျတော့မသိသေး ဘူး””ဟုပြောသည်။
အဆိုပါမီးပွိုင့်များ တပ်ဆင်မည့် ခုနစ်နေရာကို ရွေးချယ်ထားခြင်းမရှိသေးဘဲ ဦးစွာလေ့လာမှုများပြုလုပ်နေပြီး ယာဉ်ပိတ် ဆို့မှုများသည့်နေရာများတွင် အဓိကထား တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်

အဆိုပါမီးပွိုင့်စနစ်အား ရန်ကုန် မြို့တွင်း ရှစ်မိုင်မီးပွိုင့်၌ ၂၀၁၃ ခုနှစ် ဒီဇင် ဘာ ၄ ရက်တွင် စတင်စမ်းသပ်တပ်ဆင်ထား ပြီးဖြစ်ကာ ယင်းကဲ့သို့ မီးပွိုင့်များတပ်ဆင် ထားသော်လည်း ယာဉ်ကြောများမှာ ပိတ် မြဲပိတ်နေသေးကြောင်း ကားသမားများ၏ ပြောဆိုမှုများအရ သိရသည်။
မြောက်ဥက္ကလာမှတက္ကစီမောင်း သည့် ယာဉ်မောင်းတစ်ဦးက ““မီးပွိုင့်စနစ် ပြောင်းလဲတပ်ဆင်တယ်ဆိုပေမယ့်လဲ ယာဉ် တွေကပိတ်နေတုန်းပဲ။ ဘယ်အချိန် ပိုသိသာ လဲဆိုရင် မနက်ဘက်နဲ့ ညပိုင်းက ပိုသိသာ တယ်”” ဟု ပြောသည်။

Credit By -Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.