သတင်းနှင့်နည်းပညာများ

2/6/14

မိုဘိုင်းဖုန်းဆင်းမ်ကတ်များ Ooredoo က လာမည့် ခြောက်လအတွင်း စရောင်းမည်



မိုဘိုင်းဖုန်းဆင်းမ်ကတ်များ Ooredoo က လာမည့် ခြောက်လအတွင်း စရောင်းမည်

[သော်ဇင်ထက် ၊ ရန်ကုန် ]

Ooredoo မှ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိ ပြီး နောက်ခြောက်လအတွင်း ဆင်းမ်ကတ် များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်အ တွက် ရွေးချယ်ထားသော အော်ပရေတာ နှစ်ခုဖြစ်သော အော်ရီဒူးနှင့်တယ်လီနော ကုမ္ပဏီနှစ်ခုကို ဇန်နဝါရီ၂၉ရက်မှစ၍ လုပ် ငန်းလိုင်စင်ချပေးလိုက်သဖြင့်Ooredoo မှကတိပေးထားသည့်အတိုင်း ဆက်သွယ် ရေးဝန်ဆောင်မှုများအတွက် ဆင်းမ်ကတ် များကို ခြောက်လအတွင်း ရောင်းချပေးသွား မည်ဖြစ်ကြောင်း အော်ရီဒူး၏ ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုကပြောသည်။

ယင်းက ““အော်ရီဒူးက ကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ခြောက် လအတွင်းဆင်းမ်ကတ်တွေကို ရောင်းချပေး သွားမှာပါ။ ဆင်းမ်ကတ်အပြင် အခြား Device တွေ Tablet တွေကိုလဲ ဈေးကွက် အတွင်းဖြန့်ချိသွားမယ်။ ဆိုင်တွေကိုလဲ ကိုယ် ပိုင် အရောင်းစင်တာအကြီးကြီးတွေရော တခြား Brand Shop တွေမှာပါ ရောင်းချနိုင် အောင်စီစဉ်သွားမှာပါ။ နောက်ထပ် မိုဘိုင်း ဖုန်းနဲ့ငွေလွှဲပို့နိုင်တဲ့ မိုဘိုင်း Banking စနစ် ပါ အသုံးပြုနိုင်မှာပါ””ဟု ပြောသည်။

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိသည့်အတွက် Ooredoo နှင့် မြန်မာ့ဆက်သွယ်လုပ်ငန်းတို့ ဇန်နဝါရီ ၃၀ ရက်တွင် သဘောတူညီလက်မှတ်ရေးထိုးခဲ့ ပြီး ရန်ကုန်၊ နေပြည်တော်နှင့်မန­္တလေးမြို့များ တွင် စတင်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဆက်လက်ပြီး ““ဆက် သွယ်ရေးတာဝါတိုင်တွေကတော့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့စိုက်ထူသွားမှာပါ။ နေ ပြည်တော်၊ ရန်ကုန်နှင့် မန္တလေးဒီမြို့ကြီး သုံးမြို့ကနေပဲ ဆင်းမ်ကတ်တွေကို ဖြန့်ဝေ သွားမယ်””ဟုပြောသည်။

Ooredoo အနေဖြင့် 3G ကွန် ရက်စနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး တယ် လီဖုန်းခေါ်ဆိုခနှုန်းထားများကို ၃၅ ကျပ်မှ ကျပ် ၄၀ အထိ ယာယီသတ်မှတ်ထား ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အထိဆက် သွယ်အသုံးပြုနိုင်မည်ဖြစ်ပြီးလာမည့် ငါး နှစ်တာကာလအတွင်း တိုင်းပြည်လူဦးရေ ၏ ၉၄ ရာခိုင်နှုန်းအထိ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.