သတင်းနှင့်နည်းပညာများ

2/4/14

ပဲခူး-သနပ်ပင်အနီးမှ လယ်များကို တစ်ဧက သိန်း၂၀၀ဖြင့် ရောင်းချ



ပဲခူး-သနပ်ပင်အနီးမှ လယ်များကို
တစ်ဧက သိန်း၂၀၀ဖြင့် ရောင်းချ

[ ခင်နှင်းကြည်သာ (မြစ်မခ) ရန်ကုန် ]

ရန်ကုန်၊ ဇန်န၀ါရီ ၃၁- စီမံကိန်းနယ်မြေဖြစ်လာနိုင်သည်ဆိုသည့် သတင်းစကား များကြောင့် မြေဈေးများတရိပ်ရိပ်တက်ခဲ့ပြီး ရန်ကုန်နှင့် ပဲခူးလမ်းမကြီးတစ်လျှောက်ရှိ ၎င်းင်းတို့ပိုင်လယ်ကွက်များအား အကွက်ရိုက်ကာ တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ဖြင့် လယ်သမားများမှ ဈေးခေါ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

““တိုးလ်ဂိတ်မရောက်ခင် တိုက်ကြီးကိုသွားတဲ့ လမ်းပေါ်က မြေကွက်ဆိုရင် အရင်လတွေက လာကြည့်တဲ့သူသိပ်မရှိဘူး။ ဈေးကတော့ နေရာပေါ်မူတည်ပြီး နည်း နည်းတော့ ကွာတာရှိတာပေါ့။ ဒီလထဲ လာကြည့်တဲ့သူတွေမှာ ၀ယ်သူကများတယ်””ဟု တိုးလ်ဂိတ်အနီးနေထိုင်သည့် လယ်သမားတစ်ဦးကပြောသည်။

ဝယ်သူများကြိုက်နေသည့်မြေကွက်များမှာ ရန်ကုန်-ပဲခူးလမ်းမကြီးနံဘေးရှိ မြေကွက်များ၊ ပဲခူးစက်မူဇုန်ဟုခေါ်သော ပဲခူးတက္ကသိုလ်သို့သွားရာလမ်းမကြီးနှင့် ပဲခူး-သနပ်ပင်လမ်းမကြီးအနီးရှိ မြေကွက်များဖြစ်သည်ဟု ဒေသခံအိမ်ခြံမြေ အကျိုး ဆောင်များထံမှ သိရှိရသည်။

““သနပ်ပင်ကိုသွားတဲ့ လမ်းမကြီးအနီးကမြေတွေရယ်၊ ရန်ကုန်-ပဲခူးလမ်းမ ကြီးဘေးက မြေတွေနဲ့ တိုးလ်ဂိတ်အကျော်ကမြေတွေဆိုရင် ဈေးကောင်းနေသလို အ၀ယ်လဲလိုက်တယ်””ဟု အိမ်ခြံမြေအကျိုးဆောင်ကိုမောင်မောင်က ပြောသည်။

““မြေသမားတွေက ၀ယ်ထားပြီး ဈေးကစားကြတာကများတယ်။ ပြီးတော့ မြေဈေးတွေမြင့်လာအောင် ဖွပေးတဲ့သူတွေ ပြည်တွင်းမှာရှိတယ်။ ရန်ကုန်၊ မန္တလေး တွေမှာ ချောင်ထဲကလယ်တွေကအစ ဈေးတက်လာတယ်။ ဒီလိုတက်လာတဲ့အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေရော၊ နိုင်ငံတကာက င်္ှီု တွေရော တန့်နေကြ တယ်””ဟု ရတနာမြစက်ယန္တရားကုမ္ပဏီမှ မန်နေဂျာဦးကျော်ဌေးအောင်ကပြောသည်။

ပဲခူး-သနပ်ပင်လမ်းမကြီးနံဘေးရှိ မြေတစ်ဧကလျှင် ကျပ်သိန်း ၃၅၀ ၀န်း ကျင်ခန့်ပေါက်ဈေးရှိနေကြောင်း၊ ရန်ကုန်-ပဲခူး လမ်းမကြီးနံဘေးရှိ မြေတစ်ဧက၏ ကာလပေါက်ဈေးမှာ ကျပ်သိန်း ၆၅၀ ၀န်းကျင်ခန့်နှင့် အမှတ်(၃)လမ်းမကြီးပေါ်ရှိ တိုးလ်ဂိတ်အကျော်မှမြေများမှာ တစ်ဧကလျှင် ကျပ်သိန်း ၅၀၀၀ ၀န်းကျင်အထိ အရောင်း အ၀ယ်ဖြစ်နေကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင်များထံမှ သိရှိရသည်။

Credit By- Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.