သတင်းနှင့်နည်းပညာများ

7/29/14

အင်းလျားကန်အတွင်းမှ အမျိုးသားအလောင်းကိစ္စ တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းများကိုအမှုဖွင့်


အင်းလျားကန်အတွင်းမှ အမျိုးသားအလောင်းကိစ္စ တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းများကိုအမှုဖွင့်


ဧည့်သည်အမျိုးသား အလောင်းကို ရန်ကုန်မြို့ အင်း လျားကန်ထဲတွင် ဖျောက်ဖျက်ခဲ့ သည့် တည်းခိုခန်းမန်နေဂျာနှင့် ဝန်ထမ်းလေးဦးတို့ကို ကြည့်မြင် တိုင်ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 ရန်ကုန်မြို့ စိမ်းလန်းစိုပြည် ဥယျာဉ်ရှိ အင်းလျားကန်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည့် အမျိုးသားအလောင်းကို ဇူလိုင် ၂၃ ရက်က သက်ဆိုင်ရာက တွေ့ရှိခဲ့၍ စုံစမ်းခဲ့ရာ ဇူလိုင် ၂၀ ရက်က ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ စိတ်ကူးသစ်တည်းခို ခန်းတွင် တည်းခိုနေထိုင်ခဲ့သူတစ် ဦးဖြစ်ကြောင်း  စစ်ဆေးပေါ် ပေါက်ခဲ့၍ မန်နေဂျာဖြစ်သူနှင့် ဝန်ထမ်းအချို့ကို မသင်္ကာ၍ စစ် ဆေးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် ၎င်း တည်းခိုသည့် အခန်းအတွင်း အော်ဟစ်ဆူညံနေ၍ တည်းခိုခန်းမန်နေဂျာက လာရောက်တားမြစ်ခဲ့ရာမှ စကားများပြီး အပြန်အလှန် ထိုးကြိတ်ခဲ့ကြောင်း သိရသည်။ ထို့နောက် မန်နေဂျာက ခုတင်ခြေ ရင်းရှိဓားကိုယူပြီး  သေဆုံးသူ၏ ဝမ်းဗိုက်နှင့် လည်ပင်းတို့ကိုထိုးခဲ့ ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် မန် နေဂျာအပါအဝင် ဝန်ထမ်းငါးဦးမှာ ရန်ကုန်မြို့အင်လျားကန် အတွင်း အလောင်းဖျောက်ဖျက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
‘‘ဇူလိုင် ၂၅ ရက်ကတည်း က ၃၀၂ နဲ့ပဲဖွင့်ထားတာ။ စစ် ဆေးပေါ်ပေါက်တဲ့ သူတွေကို အမှုထပ်တိုးဖို့ပဲရှိတယ်။  အဲဒါ တော့ တိုင်းက ဆက်စစ်ပြီးသင့် လျော်တဲ့ ပုဒ်မတွေထပ်တိုးမှာ ပေါ့’’ဟု ကြည့်မြင်တိုင်မြို့မရဲ စခန်းမှ ဒုရဲမှူးတိုးရွှေက ပြော သည်။
သေဆုံးသူသည် ဇူလိုင် ၂၀ ရက်ကတည်းက နေအိမ်သို့ပြန် လာခြင်းမရှိ၍ ကြည့်မြင်တိုင် ပိတောက်ချောင်းရဲစခန်းတွင် လူ ပျောက်တိုင်ကြားခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်က အင်းလျားကန် အတွင်း ဓားဒဏ်ရာများဖြင့် အလောင်းကိုရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် သေဆုံးသူ၏ အစ်ကိုဖြစ်သူက ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ အရ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

http://www.7daydaily.com/story/17004#.U9eqa0RUOIU

No comments:

Post a Comment

Note: Only a member of this blog may post a comment.