သတင်းနှင့်နည်းပညာများ

7/29/14

ရွှေတံဆိပ်မရပေမယ့် လက်ထပ်ခွင့်ရခဲ့တယ်


ရွှေတံဆိပ်မရပေမယ့် လက်ထပ်ခွင့်ရခဲ့တယ်
စကော့တလန် စက်ဘီးစီးသမား ပစ်ချက်အတွက် ဓနသဟာယ နိုင်ငံများပြိုင်ပွဲမှာ အဆင့်(၉)ပဲ ရခဲ့တာ စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် ရွှေတံဆိပ်ဆု ရတာလောက် ပျော်ဖို့ကောင်းတဲ့ အောင်မြင်မှုတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ ချစ်သူထံက လက်ထက်ခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ပစ်ချက်ဟာ ပြိုင်ပွဲပြီးဆုံးချိန်မှာ ၀တ်စုံမလဲဘဲ ပွဲကြည့်စင်ပေါ် တက်လာပြီး သူ့ရဲ့ချစ်သူ အက်မန်ဒါဘောကို လက်ထပ်ခွင့် တောင်းခံခဲ့တာပါ။ ''လွန်ခဲ့တဲ့ ၅လ၊ ၆လ လောက်ကတည်းက သူ့ကို လက်ထပ်ခွင့် တောင်းဖို့ စဉ်းစားခဲ့တာပါ။ အောင်မြင်မှုမရခဲ့တဲ့ အခုလို ပြိုင်ပွဲမျိုးမှာ ကျွန်တော် လက်ထပ်ခွင့် မတောင်းချင်ပါဘူး။ ဒါပေမဲ့ သူ့ဆီက ပျော်ရွင်စရာ အဖြေကြားရမယ်လို့ ကျွန်တော် ထင်နေတာကြောင့် လက်ထပ်ခွင့် တောင်းခဲ့တာပါ"လို့ ပစ်ချက်က ပြောပါတယ်။ အက်မန်ဒါဘောက ပစ်ချက်ကို လက်ထပ်ခွင့်ပေးခဲ့ချိန်မှာ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို ၀ိုင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်။
@z (ရိုးရာလေး)

No comments:

Post a Comment

Note: Only a member of this blog may post a comment.