မန္တလေးတွင် အော်ရီးဒူးဆင်းမ်ကတ် ရောင်းပြီ
==============
==============
ဇူလိုင် ၂၉ ယနေ့နေ့လည် ၁၂ နာရီနောက်ပိုင်းမှ စတင်၍ အော်ရီးဒူး၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ၀ယ်ယူအသုံးပြု နိုင်ခဲ့သည်။
ရွှေအဆင့်ကိုယ်စားလှယ်အရောင်းဆိုင်တစ်ခုလျှင် ဆင်းမ်ကတ်ပေါင်း ၈၀၀ ခန့်ရောင်းချပေးခဲ့သည်ဟုသိရသည်။ အဆိုပါဆင်းမ်ကတ်များသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဆီသို့ ခေါ်ဆိုမည်ဆိုပါ တစ်မိနစ်လျှင် ၃၅ ကျပ်ကျသင့်ပြီး အချင်းအချင်းပြန်လည်ခေါ်ဆိုပါ ၂၅ ကျပ်ကျသင့်သည်ဟု သိရသည်။
အော်ရီဒူးအနေဖြင့် သြဂုတ်လ ၂ ရက်နေ့မှသာ ဆင်းမ်ကတ်များရောင်းချရန် ကိုယ်စားလှယ်များကို ပြောကြားထားခဲ့သော်လည်း နာမည်ရရှိရန်အတွက် အရောင်းဆိုင်များ ကြိုတင်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့ညနေပိုင်း၌ အော်ရီဒူး၏ငွေအဆင့်အရောင်းကိုယ်စားလှယ်များထံမှ ဆင်းမ်ကတ်များ ထပ်မံထွက်ရှိလာမည်ဟုလည်း မန္တလေးမြို့၌ သတင်းထွက်ပေါ်နေသည်။ လက်ရှိအချိန်၌ ဆင်းမ်ကတ်များသည် မိနစ် ၉၀၀ ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်ပြီး အင်တာနက်အနေဖြင့်လည်း တစ်ရက်လျှင် 20M အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။
ငွေဖြည့်ကတ်များအနေဖြင့် ၁ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ သက်မှတ်ရောင်းချပေးမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များသာ အရောင်းဆိုင်များဆီသို့ ရောက်ရှိနေခဲ့သည်ဟု သိရသည်။ ၀ယ်ယူရန်အတွက် မှတ်ပုံတင်မိတ္တူနှင့် ဓာက်ပုံတစ်ပုံသာလိုအပ်ကြောင်းသိရသည်။
Internet Journal
Internet Journal
No comments:
Post a Comment
Note: Only a member of this blog may post a comment.