CR7 အမည်ကြောင့် ရော်နယ်ဒိုကို အမေရိကန်သားတစ်ဦး တရားစွဲဆို
CR7 အမည်နှင့် ပတ်သက်၍ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို အမေရိကန် နိုင်ငံသားတစ်ဦး တရားစွဲဆိုခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြ သည်။ ခရစ္စတီယာနိုရော်နယ်ဒိုကို ကမ္ဘာတစ်လွှား ပရိသတ်များက CR7 ဟု အတိုကောက် ခေါ်ဆိုကြပြီး ဒိန်းမတ်ကုမ္ပဏီ JBS ကလည်း အဆိုပါအမည်ဖြင့် အမျိုးသားဝတ် အတွင်းခံများ ထုတ်လုပ်ရောင်းချခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံသား ရန်ဇီက CR7 အမှတ်တံဆိပ်ဖြင့် အ၀တ်အထည်များ ရောင်းချနေသည့်အပြင် အဆိုပါ အမည်ဖြင့် ခုနှစ်မိနစ်တာ ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ထုတ်လွှင့်နေသည်။ ရန်ဇီသည် CR7 အမှတ်တံဆိပ် မူပိုင်ခွင့်အတွက် ၂၀၀၈ခုနှစ်က အမေရိကန်နိုင်ငံ မူပိုင်ခွင့်နှင့် အမှတ်တံဆိပ် တရားရုံးတွင် လျှောက်ထားခဲ့ပြီး ၂၀၀၉ခုနှစ်က မူပိုင်ခွင့်ရရှိခဲ့သည်။ JBS ကုမ္ပဏီက CR7 အမှတ်တံဆိပ်ကို စွန့်လွှတ်မည်ဆိုပါက ပိုက်ဆံပေးမည်ဟု ရန်ဇီကို ညှိနှိုင်းခဲ့ပြီး ခြိမ်းခြောက်မှုဆန်ဆန် လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းကြောင့် ရန်ဇီက အမေရိကန်နိုင်ငံ ခရိုင်တရားရုံးတွင် ရော်နယ်ဒိုနှင့် JBS ကုမ္ပဏီတို့ကို တရားစွဲဆိုခဲ့ခြင်းဟု သိရသည်။
@z(ရိုးရာလေး)
No comments:
Post a Comment
Note: Only a member of this blog may post a comment.