သတင်းနှင့်နည်းပညာများ

8/2/14

တရုတ်တွင် စက်ရုံပေါက်ကွဲမှုကြောင့် (၆၅)ဦးထက်မနည်း သေဆုံး


တရုတ်တွင် စက်ရုံပေါက်ကွဲမှုကြောင့် (၆၅)ဦးထက်မနည်း သေဆုံး


တရုတ်နိုင်ငံ အရှေ့ပိုင်း ဒေသတွင် စက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ(၆၅)ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
တရုတ်သတင်းမီဒီယာများက ကွန်ရှန်တွင် ဖြစ်ပွားသော ပေါက်ကွဲမှု၌ နောက်ထပ် လူ(၁၀၀)ထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ တရုတ် Social Mediaများပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ၌ အရေပြား လောင်ကျွမ်းထားသူများကို ဆေးဝန်ထမ်းများက ကူညီပြုစုနေကြသည်ကို တွေ့ရသည်။

ဩဂုတ်(၂)ရက်က ဖြစ်ပွားသော ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ လုပ်ဆောင်နေဆဲဟု သိရသည်။ CCTV သတင်းဌာနက ပေါက်ကွဲမှု ဖြစ်ပွားသည့် စက်ရုံကို Zhongrong Plating ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ စက်ရုံသည် အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီး GMအတွက် မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ပေးနေပြီး ဝန်ထမ်း(၄၅၀)မျှ ရှိနေကြောင်း သိရသည်။
တရုတ်မီဒီယာများက စက်ရုံ၏ အရောင်တင်ဌာန၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ထိုအချိန်က အခင်းဖြစ်ရာ နေရာတဝိုက်တွင် အလုပ်သမား (၂၀၀)ကျော် ရှိနေသည်။ တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းများ၏ လုံခြုံရေး စံနှုန်းများကို ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မြှင့်တင်လာခဲ့သော်လည်း မတော်တဆမှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။
—Ref: BBC

(REUTERS/Stringer)

(REUTERS/Stringer)

(REUTERS/Stringer)

(REUTERS/Carlos Barria)

(REUTERS/Carlos Barria)

No comments:

Post a Comment

Note: Only a member of this blog may post a comment.