သတင်းနှင့်နည်းပညာများ

8/2/14

Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀) အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည်ြ


Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀) အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့် ၀န်ဆောင်မှု များကိုလည်း ထည့်သွင်း ဆောင်ရွက် ထားကြောင်း Telenor Myanmar မှ သိရသည်။
Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့ အတိုင်း လိုင်စင်ရပြီး ရှစ်လ အကြာ မှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံး လို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ် ထား တယ် ဟု Telenor Myanmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။
4G အထိ အသုံးပြုနိုင်သည့် ဆင်းကတ် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေး သွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင် တစ်ခုဖြင့် လိုသလောက် ၀ယ်ယူ *နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ် (၂၅) ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ် ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်း ထက် လျော့နည်းသွား မည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။
________________________________
Thursday, July 31, 2014 | The Messenger

No comments:

Post a Comment

Note: Only a member of this blog may post a comment.