သတင်းနှင့်နည်းပညာများ

12/12/13

ဆီးဂိမ်းပိတ်ပွဲ အားပေးမည့် ပရိသတ်များကို အခမဲ့ ကြိုပို့ပေးမည်


ဆီးဂိမ်းပိတ်ပွဲ အားပေးမည့် ပရိသတ်များကို အခမဲ့ ကြိုပို့ပေးမည်

အောင်သူရထွန်း|ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်

နေပြည်တော်၊ ၀ဏ္ဏသိဒိ္ဓ အားကစားကွင်းတွင် ဒီဇင်ဘာ ၂၂ ရက်၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ လာရောက်အားပေးမည့် ပရိသတ်များကို ပြိုင်ပွဲကျင်း ပရေးဆိုင်ရာ ပြည်သူလူထု သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီက အခမဲ့ပို့ဆောင်ပေးရန် စီစဉ်ထားသည် ဟု ဥက္ကဋ္ဌဒေါ်သန်းသန်းမြင့်က ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အကြိုအပို့အတွက် အခမဲ့ ပို့ဆောင်ပေးမှာဖြစ်သလို ဒီကုန်ကျစရိတ်ကိုလည်း ဘယ်ပို့ဆပ်ကော်မတီက အကုန်အကျခံမှာပါ။ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီခွဲအထိ ပို့ဆောင်ပေးသွားမှာပါ၊ ဖွင့်ပွဲနဲ့ ပိတ်ပွဲနှစ် ရက်ကို အခုလို အခမဲ့ စီစဉ်ပေးသွားမှာပါ”ဟု ဒေါ်သန်းသန်းမြင့်က ရှင်းပြသည်။

ထိုသို့ ပို့ဆောင်ပေးနိုင်ရန် တော်ဝင်ယာဉ်လိုင်းမှ City Bus ၁၀စီး၊ ရွှေမြို့တော်နှင့် အားမာန်သစ်ယာဉ်လိုင်း မှ လိုက်ထရက်ခ်ယာဉ် အစီး ၅၀ တို့ဖြင့် ပြေးဆွဲပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ နေပြည်တော် ခရေအိမ်ယာနှင့် သပြေကုန်းဈေးမှတစ်ဆင့် အားကစားကွင်း၏ ဂိတ်နံပါတ် (၄)သို့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲ အထိ ကြိုပို့ပေးမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

Note: Only a member of this blog may post a comment.