ဘာလည်းဟဲ့ စင်္ကာပူ..ဘာလည်းဟဲ့ လာအို...
၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံး အုပ်စု(က) ပွဲစဉ်မှ
စင်္ကာပူ အသင်း နှင့် လာအို အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ...
ပွဲစပြီး ၂မိနစ်တွင် လာအိုအသင်း ကျောနံပါတ် ၅ ကစားသမားသည်
ဘောလုံးယှဉ်လုရာတွင် ကစားပုံကြမ်းတမ်းသည်ဟု ယူဆခံရကာ
ဒိုင်မှ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပါသည်။
ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြရာ ၂၆မိနစ်အချိန်တွင် စင်္ကာပူအသင်းမှ ကျောနံပါတ် ၃ ကစားသမား Mohamad Suhaimi Suhaimiက ဂိုးစတင်သွင်းလိုက်ပြီး ပြိုင်ပွဲကို ဦးဆောင်ကစားခဲ့ပါသည်။
ထို့နောက် နှစ်ဘက်အသင်းများ အသီးသီး ဂိုးမသွင်းနိုင်ကြပဲ ဆက်လက်ယှဉ်ပြိုင်ကြရာမှ ပွဲပြီးခါနီး အချိန်တွင်
၁၀ ယောက်ကျန် လာအိုဘောလုံးအသင်း က စင်္ကာပူအသင်းအား
ချေပဂိုး ပြန်လည် သွင်းယူလိုက်သဖြင့် ၁-၁ ဂိုးဖြင့်
ပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။
ပွဲကြည့် ပရိတ်သတ်များမှာ စင်္ကာပူအသင်း လာအို အသင်းအပေါ် ဂိုးပြတ်ဖြင့် အနိုင်ရမည်ဟု ထင်မှတ်ထားသော်လည်း မမျော်လင့်ပဲ ပွဲစဉ်တောက်လျှောက် အချိန်ပြည့်နီးပါး ၁၀ယောက်ဖြင့် ကစားလာခဲ့သော လာအို အသင်းမှ ချေပဂိုးပြန်သွင်းကာ သရေ ကစားနိုင်သဖြင့်
လာအို အသင်း၏ စိတ်ဓါတ် နှင့် ကစားပုံကို ချီးကျူးမိကြကြောင်းသိရပါသည်။
(ဇေယျာသီရိ အားကစားကွင်း၊ နေပြည်တော်)
Credit By -ဆီးဂိမ်းအားကစားပွဲတော် မြန်မာ

No comments:
Post a Comment
Note: Only a member of this blog may post a comment.