သတင်းနှင့်နည်းပညာများ

12/14/13

ဂုဏ် ယူ ပါ တယ် တို့ မြန် မာ


ဂုဏ် ယူ ပါ တယ် တို့ မြန် မာ ....

ယနေ့ မလေးရှားနိုင်ငံက ထုတ်တဲ့ သတင်းစာမျက်နှာတိုင်းမှာ
မြန်မာနိုင်ငံက ပြုလုပ်တဲ့..
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအကြောင်းတွေကို 
မထင်မှတ်လောက်အောင်ချီးမွမ်းရေးသားထားကြတယ်လို့ ဆိုပါတယ်။
မထင်မှတ်ထားတဲ့ အရာတစ်ခုကို မြန်မာနိုင်ငံက ဂုဏ်ယူ
ဝံ့ကြားစွာ လုပ်ပြနိုင်ခဲ့တယ်လို့ လည်း ဆိုကြပါတယ်။
ဒါကြောင့် ကမ္ဘာ့အလယ်မှာ ..
မြန်မာဆိုတာကို ပြန်လည်ကြွေးကြော်နိုင်ဖို့အတွက်
လမ်းစကောင်းလေး ရရှိနေပြီလို့ ဆိုနိုင်ပါတယ်။

ဒီလိုမျိုး အခြေအနေတွေကို လုပ်ပြနိုင်ခဲ့တဲ့..
မြန်မာပြည်သူပြည်သားတွေကိုယ်စားလည်း
ထပ်တူဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်။
မလေးရှားနိုင်ငံရဲ့ သတင်းစာတိုင်းမှာ..
ဝေေ၀ဆာဆာ ဖော်ပြချီးမွမ်းထားတာကို တွေ့ ရပြီး၊
အာဆီယံသမိုင်းမှာ အခမ်းနားဆုံး Sea Game ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတစ်ခု
ဖြစ်ကြောင်းကိုလည်း ချီးကျူးရေးသားထားတာကိုတွေ့ ရပါတယ်။

ဒါကြောင့်... ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ လို့  ပြန်လည် ၀ံ့ကြွားနိုင်ပါပြီ။

We Myanmar
credit to IBlogger Myanmar

No comments:

Post a Comment

Note: Only a member of this blog may post a comment.