သတင်းနှင့်နည်းပညာများ

12/14/13

FIFA World Cup ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ရောက်မည်


FIFA World Cup ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ရောက်မည်

FIFA World Cup ပြိုင်ပွဲတွင် ချီးမြှင့်မည့် ကမ္ဘာ့ဆုဖလားကြီးကို ကမ္ဘာအနှံ့သို့ လှည့်လည်ပြသရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင် ရောက်ရှိလာမည် ဖြစ်ကြောင်း မြန်မာဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ ကမ္ဘာ့ ဆုဖလားကြီးကို ရန်ကုန်မြို့ သုဝဏ္ဏရှိ မိုးလုံလေလုံ အားကစားရုံတွင်ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကြည့်ရှုနိုင်ရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ့ဘောလုံး အဖွဲ့ချုပ် Coca Cola အချိုရည် ကုမ္ပဏီတို့က ပထမဆုံး ပူးပေါင်း တင်ဆက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

''ကမ္ဘာ့ ဆုဖလားကြီးကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၉ဝ ကျော်မှာ လှည့်လည်ပြသ သွားမှာပါ။ ဒီကမ္ဘာ့ဆုဖလားကြီးက ရွှေအစစ်နဲ့ လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ ဘောလုံးပွဲမှာ အနိုင်ရတဲ့အသင်းကို ဆုပေးပြီး ကိုင်မြှောက်ခွင့် အထိ ပေးထားတယ်။ ပြီးတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကို ပြန်ပေး ခဲ့ရတာ''ဟု မြန်မာ့ဘောလုံးအဖွဲ့ချုပ် CocaCola ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းကမ္ဘာ့ ဆုဖလား၏ ရွှေအလေးချိန်မှာ ၁၃ ဒသမ ၆၁ ပေါင် (၁၈ ကာရက်)ရှိကာ ဆုဖလားအမြင့်မှာ ၁၄ ဒသမ ၅ လက်မရှိပြီး ဆုဖလား အောက်ခြေတွင် အလှဆင် သတ္တုစိမ်း နှစ်လွှာပါရှိကြောင်းနှင့် ဆုဖလားအောက်ခြေ မျက်နှာပြင်တွင် ကမ္ဘာ့ဖလား ရရှိသော နိုင်ငံများ၏ အမည်များကို ၁၉၇၄ ခုနှစ်မှစ၍ ကမ္ပည်းရေးထိုး ထားကြောင်း၊ ယင်းဆုဖလားကိုဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ နာမည်ကျော် Christ the Redeemer အရုပ်ရှေ့မှ စက်တင်ဘာလမှ စတင်၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းထူးများ စုစည်းရာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.