သတင်းနှင့်နည်းပညာများ

12/9/13

တရုတ်နိုင်ငံအလံကို မီးရှို့ဖျက်ဆီးမှုဖြင့် ဖမ်းဆီးခြင်းခံရသူကို ယနေ့ရုံးထုတ်မည်

တရုတ်နိုင်ငံအလံကို မီးရှို့ဖျက်ဆီးမှုဖြင့် ဖမ်းဆီးခြင်းခံရသူကို ယနေ့ရုံးထုတ်မည်
====================================
ရွှေရည်မဉ္ဇူ
====================================
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ။ ။တရုတ် နိုင်ငံ အလံအားမီးရှို့ဖျက်ဆီးမှု ဖြင့်ဖမ်း ဆီးခြင်း ခံထားရသော ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၉ ရက်တွင် ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေဦးရောဘတ် စန်းအောင် ကပြောသည်။

ဒေါ်နော်အုန်းလှသည် လက် ပံတောင်းတောင်အကြမ်းဖက်ဖြို ခွင်းခံရ သည့် နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ် ဖော်ကာ တရုတ်နိုင်ငံအလံအား မီးရှို့ဖျက်ဆီးမှုဖြင့် ဒဂုံမြို့နယ်ရဲ စခန်းမှူးနှင့် အတူရဲတချို့မှ ဒီဇင် ဘာ ၆ရက် ည ၁ဝနာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ''၉ ရက်နေ့မှာ ဒဂုံတရားရုံး မှာ ရုံးထုတ် ပြီး ရမန်ယူမယ်ထင်တယ်။ ဘာ ကြောင့်လဲ ဆိုတော့ လေးယောက် ဖမ်းရမှာ နှစ်ယောက် မမိသေးတာ ကြောင့်ဖြစ်တယ်။ မနက်ဖြန်ရုံး ထုတ်ပြီးတာနဲ့ ထောင်ကိုတန်းပို့ လိုက်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်''ဟု ပြောသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/CjNp56

No comments:

Post a Comment

Note: Only a member of this blog may post a comment.